Monday, July 19, 2010

သစ်တောဌာနမှ ကျေ:ရွာပိုင်သစ်တောများကို တိုင်းတာမှုပြုနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးတင်တင်ဝင်းဇော်နှင့်တပည့်တပ်သားကျော်သိန်း
တို့ ၏ ဦးဆောင်မှုဖြင့် ဇူလိုင် ၇ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ နမ့်ခမ်းမြို့ နယ်ရှိ အွယ်လောကျေးရွာအုပ်စုနှင့် ကောင်းဝိုင်း
ကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူပိုင်ဖြစ်သည့် သစ်တောများကို တိုင်းတာမှုများပြုလုပ်သွားခဲ့သည်။

ထိုအကြောင်းအရာကို ရွာသားတစ်ဦးက“ သူတို့ က တိုင်းတာတဲ့ပစ္စည်းကရိယာတွေနဲ့ သုံးပြီး လွယ်လောမ်၊ ကောင်းဝိုင်း၊
မန်ကန်၊ မန်ကောင်း၊ မန်စပ်ကျေးရွာတစ်လျှောက် ဒေသခံပြည်သူတွေပိုင်တဲ့ တောတွေထဲကိုသူတို့ တိုင်းတာသွားတယ်။
ဒါပေမဲ့ ဘာအတွက်တိုင်းတယ်ဆိုတာတော့ သူတို့ မပြောဘူး။ မေးလို့ လည်းမရဘူး။ ရွာ ဥက္ကဌကိုပဲခေါ်ပြီး မြေတိုင်းမဲ့
အကြောင်းနဲ့ အိပ်ဖို့ နေရာစီစဉ်ထားပါလို့ ဘဲ ပြောသွားတယ်”ဟု ပြောပြသည်။

လွယ်လောမ် ရွာသားတစ်ဦးကလည်း “သူတို့ဘာအတွက်လုပ်မယ်ဆိုတာကို ကျနော်တို့ မသိရတော့
စိုးရိမ်ရတာပေါ့နော်။သူတို့ တိုင်းတာသွားတဲ့ တောခင်းတွေဆိုရင် ရွာကလူတွေမိသားစုရှေ့ရေးအတွက်ဆိုပြီး
မခုတ်ရဲသေးဘဲ ချန်ထားတဲ့ သစ်တောကြီးဖြစ်တဲ့အခါကျတော့ အခုဆိုရင်ရွာသားတွေက ခုတ်ယူပြီးကိုယ့်အိမ်ကို
သယ်ပြန်ကြတာပါပဲ။ ဘာဖြစ်လဲဆိုတော့ တကယ်လို့ သူတို့ စီမံကိန်း တစ်ခုခုလုပ်တာဖြစ်မယ်ဆိုရင် သူတို့ ဒီသစ်ပင်
တွေကို ခုတ်မှာဘဲလေ။ အခုတော့ သစ်တောများကို ရှေ့ဘက်ကိုပဲ တိုင်းသွားတယ်။ အကျယ်တော့ တိတိကျကျ
တိုင်းတာမတွေ့ ဘူး။ ကျနော်ထင်တာကတော့ သူတို့ စီမံကိန်းတစ်ခုခုအဖြစ် လာတိုင်းတာသွားတယ်လို့ ဘဲ
ထင်ပါတယ်” ဟု ပြောပြသည်။

ယခင်က ရွှေလီရေကာတာစီမံကိန်းကြောင့် ရွှေလီရေကာတာအနီးနားတစ်ဝိုက်တွင်ရှိသော ကျေးရွာပြည်သူများ၏
လယ်မြေများနှင့် အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုအားထားနေသော ရွှေလီမြစ်ကို ပိတ်ပြီး ရေကာတာတည်ဆောက်ခဲ့
သည့်အပြင် စီမံကိန်းဖြစ်မြောက်ရေးအတွက် လုပ်အားပေးခိုင်းစေခြင်းကိုလည်း မကြာခဏကြုံတွေ့ ရပြီး ယခုလို
ရွာပိုင်သစ်တောနှင့် နယ်မြေတွေ တိုင်းတာမှုရှိခြင်းသည် စီမံကိန်းတစ်ခု ထပ်တိုးလာမည်ကို အလွန်ပင်စိုးရိမ်နေရသည်။

အဆိုပါတိုင်းတာမှုနှင့် ပတ်သတ်၍် သစ်တောတာဝန်ခံမှ တစ်စုံတရာပြောပြခြင်းမရှိသော်လည်း ရွာသားအများစုက
တရုတ်ကိုရောင်းချပေးမည့် ဂစ်ပိုက်လိုင်းကဲ့သို့ ဖြစ်သောအစိုးရ စီမံကိန်းတစ်ခုခုအတွက် ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု
ပြောပြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၀၈၀ ၁၁၈ ၄၄၇၉

0 comments: