Friday, April 30, 2010

အတင်းအဓမ္မ စစ်သားထဲသို့ ဝင်ခိုင်း၍ ထွက်ပြေးလာသော နအဖ ပလောင်စစ်သား

၁၅ရက်-မတ်လ-၂ဝ၁ဝခုနှစ်
၂ဝရက်နေ၊ ၈လပိုင်း၊ ၂ဝဝ၉ခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ နယ်၊ မိုင်းဝီးကျေးရွာနေ အမျိုးသားတဦးအသက် ၂၃နှစ်အရွယ်ရှိသော သူကို ရွာထဲတွင် လည်ပတ်စဉ် ခလရ (၁၄၄)၏စည်းရုံးသိမ်းသွင်းခံ ခဲ့ရပါသည်။ ခလရ(၁၄၄) အရာရှိသူတဦးသည် သူကို စစ်တပ်ထဲ ဝင်လျှင် ဘာမှ စိုးရိမ်စရာမရှိဟု မက်လုံပေးခဲ့ပါသည်။ ၁ရက်နေ့မတ်လ၂ဝ၁ဝခုနှစ်တွင် စစ်တပ်မှ ထွက်ပြေးလာခဲ့သည်။ သူသည် တပ်ထဲသို့ဝင်ပြီးနောက်တရက်တွင် မန္တလေးမြို့ရှိ စစ်သားစုဆောင်ရေးဌာနသို့ ပို့ပေးဆောင်ခဲ့ပါသည်။
ထို့နောက် မန္တလေး (၂)ရက်နားပြီး စစ်သင်တန်းလေ့ကျင့်ရန်အတွက် သပိတ်ကျင်းသို့ပိုဆောင်ခဲ့ပါသည်။ သပိတ်ကျင်းမ
အခြေခံသင်တန်း (၄)လခွဲ တက်ခဲ့ရပါသည်။ သင်တန်းတက်သည့်ကာလတွင် သင်တန်းသားပေါင်း(၁၂၅ဝ) ဦးရှိပါသည်။
သင်တန်းတက်သည့်ကာလတွင် တဖက်ကို တိုက်ခိုက်ရန်နှင့် စိတ်ဓါတ်ခိုင်မာအောင် လေ့ကျင့်ပေးခဲ့သလို ထွက်ပြေး
သော စစ်သားများကို ပစ်သတ်၊ စိတ်ရိုင်းဝင်လာအောင်လည်း လေ့ကျင့်ပေးခဲ့ပါသည်။ တော်လှန်ရေး ပုလိပ်လျှောက်ရန်အတွက် နေပြည်တော်မြို့သို့ဆက်လက် ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ဟိုပန်မြို့ရှိ ခလရ(၁၄၃)ထံသို့ ပို့ဆောင်ခဲ့ပါသည်။ ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ “စစ်တပ်ထဲလည်းရောက်တော့ ခလရ(၁၄၄)အရာရှိတစ်ဦးကကျနော်ကို ဘာမှစိုးရိမ်စရာမလိုဘူး၊၊ ဒီမှာတာဝန်ကျအောင်လည်း လုပ်ပေးမယ်။ ကျနော် သူတို့နဲ့လိုက်ပြီးနောက်တရပ်မှာ မန္တလေးမြို့ခေါ်ဆောင်သွားပါတယ်။ ကျနော် နှစ်ရက်နားတယ်။ ပြီးတော့ ကျနော်ကို စစ်သင်တန်း လေ့ကျင့်ဖို့အတွက်ဆိုပြီး သပိတ်ကျင်းကို ပို့တယ်။ ကျနော် သပိတ်ကျင်းမှာ စစ်သင်တန်း (၄)လခွဲ တက်ရတယ်။ စစ်သင်တန်းပြီးတော့ တော်လှန်ရေး ပုလိပ်လျှောက်ဖို့ဆိုပြီး ကနော်ကို နေပြည်တော်မြို့သို့ ပြန်လည်း ပိုဆောင်လိုက်တယ်။အဲကနေတဆင့် ကျနော်ကို ဟိုပန်မြို့နယ်မှာရှိတဲ့ ခလရ (၁၄၃)မှာ တာဝန်ထမ်း ဆောင်ခိုင်းပါတယ်။ ကျနော်တို့ သင်တန်းတက်တဲ့ အသုတ်မှာဆိုရင် လူဦးရေ (၁၂၅ဝ)ယောက်ရှိပါတယ်။ သင်တန်း တက်တဲ့အတောအတွင်းမှာဆိုရင် စိတ်ရိုင်းဝင်လာအောင်၊ စိတ်ဓါတ်ခိုင်မာလာ အောင် နည်းလမ်းအမျိုးမျိုးနဲ့ကျနော်ကို လေ့ကျင့်ပေးပါတယ်။ အချင်းချင်းရိုက်နှပ်တာတို့၊ ထွက်ပြေးရင် ပစ်သတ်တယ်။ အရမ်းကို ဒုက္ခရောက် ခဲ့ပါတယ်။ သေနတ်ကို ကိုင်ဆောင်ဖို့ကြောက်လျှင်လည်းအော်ဆူခံရပါတယ် ” “ရှေ့တန်းထွက်တဲ့အခါ မဟုတ်ရင် ကြံတွေ ခုတ်ရတယ်။ ထမင်းဟင်းတွေလည်း ကောင်းကောင်းမစားရသလို
ဆားတောင်မှ လူကြီးတွေ လာတဲ့အချိန်ပဲ ချပေးထားတယ်။ လူကြီးတွေ ပြန်သွားရင် ပြန်သိမ်းလိုက်တယ်။ ပြန်ချင်တယ်
လို့ ပြောရင်လည်းမရဘူး။ သေဒဏ်ပဲလို့ ကျနော်တို့ကို ခဏခဏ ခြိမ်းခြောက်တယ်။ သာမာန် အရပ်သားတွေဆီလည်းကျနော်တို့ကို စောင့်ကြည့်ခိုင်းတယ်။ ထွက်ပြေးသွားတဲ့စစ်သားတယောက်မိရင် ကျပ်ငွေ သုံးသောင်း (၃ဝဝဝဝ) ပေးဆောင်ရတယ်။ ဘယ်သူမှ မပြေးရဲဘူး။ ထွက်ပြေးတဲ့သူက သေနတ်နဲ့ပါသွားရင် တခါထဲ ပစ်သတ်တယ်။ တပ်မ (၉၉) ရဲဘော်နှစ်ယောက် ထွက်ပြေးလို့ သတ်ပစ်ခံရတယ်။ ရဲဘော်တယောက်ဆိုရင် အသက် (၁၆)နှစ်ကျော်
ကျော်လောက်ပဲ ရှိသေးတယ်။ နောက်တယောက်ဆိုရင် အသက် (၂ဝ)လောက်ရှိတယ်။ သူတို့နှစ်ယောက်ဆိုရင်
ကွမ်းလုံတပ်က ဖမ်းမိပြီး တပ်မ (၉၉) က စစ်သားတစ်ယောက်ကို ခေါ်ပြီး ပစ်သတ်ခိုင်းတယ်။ ဒီ ၂ဝ၁ဝအတွက်လည်း
စစ်သားတွေ အများကြီး စုဆောင်းဖို့ ရှိပါသေးတယ်။ တအိမ်လျှင်တယောက် မဝင်မနေရ ဝင်နေရတယ်။ ပြီးရင်
လစာလည်း သုံးသောင်း ထပ်တိုးဦးမယ်လို့ ပြောပါတယ်။ စစ်သားကို လစာ ခုနှစ်သောင်း ကျပ်ရမယ်လို့ ပြောတယ်။
လေးလပိုင်းလောက်ဆိုရင် လစာကို ထပ်တိုးပေးမယ်လို့သူတို့က ပြောတယ် ” ရှေ့တန်းထွက်သည့်အခါမဟုတ်လျှင် ကြံခုတ်ပေးဆောင်ရပါသည်။ အစားအသောက်လည်းကောင်းမွန်စွာမေ ကျွးပေ။
စစ်တပ်ထဲသို့ နေရန်အတွက် နည်းလမ်းအမျိုးမျိုးနှင့် ခြိမ်းခြောက်ထားခြင်းဖြင့် တကယ်ထွက်ပြေးလျှင် ပစ်သတ်သည်
ဟု စစ်တပ်ထဲ မနေနိုင်၍ ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ သိရှိရပါသည်။ သတင်းနှင့် သုတေသန ဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

Saturday, April 24, 2010

Education system worsening under military regime controlEducation system worsening under military regime control

A new report released today by the Ta’ang (Palaung) researcher’s makes public the worsening education system in Burma’s Northern Shan State under the control of the military government. Data was collected primarily from three main townships, Namkham, Man Tong and Namshan. They comprised of 61 villages and 175 interviewees.

The Lightless Life report by the Ta’ang Students and Youth Organization TSYO documents the negligence of the military regime, lack of opportunity in education and the futureless lives of Ta’ang people. There are a few schools and materials. The SPDC does not invest in resources for teachers and most are unqualified and are poorly paid, some teachers are corrupt and charge their students for school materials.

Studies conducted in the Ta’ang region between 2000 and 2009 showed one school in which a class of 172 children dwindled to only 3 students by tenth grade as a result of various external pressures and inadequate internal support from school staff and the Ministry of Education.

The SPDC spends a paltry 1.4% of GDP on health and education, and is the only country in the region whose military budget is greater than that of health and education combined. Students also suffer human rights violations and are subjected to forced labour or are forcibly recruited to join USDA forces.

Education remains continually under pressure especially in these difficult socio-economic and political times. Even when students manage to get an education the future is not always bright. “My education does not relate to my profession. I studied law at university, but I sell tea. Education is no guarantee for our future. The education system only teaches us to be afraid and to obey, I find it very corrupt”, said one man interviewed for the report.

Mai Mao Dang, coordinator of education TSYO says, “If the Military does not change, its education policy, education will degenerate rapidly. The future for people in rural areas looks bleak. No funding means school closures, student dropout and no alternatives”

Contact:
Mai Mao Dang +66 875 246 072
Mai Aung Ko +66 801 184 479
The full report Lightless Life can viewed at www.palaungland.org web site.

ယခင်ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း လက်ရှိဆေးရုံး ဖျက်ဆီး

၁၀-မတ်-၂၀၁၀

နမ့်ဆန်မြို့နယ်တွင်းရှိ ယခင်က ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း ဆေးရုံးအဖြစ်တည်ဆောက်ထားသည့် လက်ရှိပြည့်သူဆေးရုံးကြီးသည် ယိုယွင်းခြင်းမရှိဘဲ အထက်ကအမိန့် ဖြင် ဖေဖေါ်ဝါရီလအတွင်းတွင်ဖျက်ဆီးထား ကြောင်းသိရသည်။

အထက်ပါအကြောင်းနှင့်ပတ်သက်၍ မည့်သည့်ဌာနမှ ဦးဆောင်လာရောက်သိမ်းယူ ဖျက်ဆီးသည်ကိုရှင်းရှင်း လင်းလင်းမရှိဘဲ သွပ်မိုးပင်မက အခြားသောအဆောက်အဦး ပစ္စည်းများကိုလည်းဖျက်ဆီးသိမ်းဆည်းထားသည်၊ ထိုယိုယွင်းမူမရှိဆေးရုံးကို ဖျက်ဆီးထားသည်မှာ အသစ်တည်ဆောက်မွမ်းမံရန်အစီစဉ်ရှိသည်ဟုဆိုထားသော လည်း အခုချိန်ထိအချိန်ဆွဲ ကြန့် ကြာနေခြင်းဖြစ်သည်၊

ဤဆေးရုံးကြီးဖျက်ဆီးခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ကို အများကပြည်သူဆီက မရှင်းပြဘဲ
ဆောင်ရွက်သွားသည်၊ တွေ့ရှိသူများလည်း ထိုသို့ ပြည်သူ့ ဆေးရုံးကြီးဖြစ်သောကြောင့်စိတ်မကျေမနပ်ဖြစ်သည်
ဟုလည်းသိရသည်၊

ထိုဆေးရုံးကြီးသည် ယခင်ကပလောင်စော်ဘွား ဟော်နန်းဖြစ်ပြီး နှစ်အကြာမှာဆေးရုံးအဖြစ်ဆောက်လုပ်ရာ တွင် ပလောင်အမျိုးသားများက စိတ်မကျေမနပ်ဖြစ်ခဲ့ပြီး အလာတူအခုလက်ရှိဆေးရုံးကိုလည်းအကြောင်းပြ ချက်မရှိ ဖျက်ဆီးခြင်းလည်း ပလောင်လူမျိုးများ သမိုင်းကြောင်းကိုဖျက်ဆီးရာဖျက်ဆီးကြောင်းသိသာထင်ရှား သည်၊

ယခုလို ယိုယွင်းခြင်းမရှိဆေးရုံးကြီးကို အသစ်မွမ်မံရန်ဟုအကြောင်းပြချက်ပေးပြီး ၂၀၁၀အတွက်လိုမဲ့အဆောက် အဦးများပြုပြင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ယုံကြည်ထားသည်ကိုလည်းသိရသည်၊

သတင်းပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး

အကြောင်းပြချက်မရှိ ကျေးရွာလူအ၀င်အထွက်စာရင်း ကောက်ခံခိုင်း

နမ့်ဆန်မြို့ အတွင်း ငွန်ဆိုင်ကျေးရွာအခြေစိုက် ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေး ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများသည် နမ့်ဆန်မြို့ အရှေ့ ပိုင်း ပလောင်ကျေးရွာများဖြစ်သည့် နမ့်လင်း၊ အောက်မန်လွယ်၊
အထက်မန်လွယ်၊ ခေးခင်၊လုံတောက်စသည့် ကျေးရွာဥက္ကဌများကို ဇန်န၀ါရီလ အတွင်းတွင်လူအ၀င်အထွက်စာ ရင်းကောက်ခံခိုင်းကြောင်းသိရရသည်။

ဒီလိုလူအ၀င်အထွက်စာရင်း ကောက်ခံသည်မှာ ဘာအတွက်ကြောင့်ကောက်ခံရမည်ကိုမေးခွင့်မရသောကြောင့်
ဒေသခံများသည် တိတိကျကျမသိရပေ၊ ထိုလူအ၀င်အတွက်စာရင်းပြုစုကောက်ခံရာတွင်လည်း လူအမည်၊ အ သက်၊ ကျား၊ မ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည့်အချက်များပြည့်စုံရမည်ဟုလည်းအမိန့်ပေးသွားခြင်း ဖြစ်သည်၊

“သူတို့ ကိုယ်တိုင်တော့မကောက်ဘူးပေါ့ ကွာ ထွန်မြတ်လေး ကသူရဲ့တပည့်တွေကို ဦးဆောင်ပြိးတော့ကျတော် တို့ ရဲ့ ရွာဥက္ကဌကို ကောက်ခိုင်းလိုက်တာပါ၊ တော်တော်တော့ ခက်ပါတယ်ဗျာ တကယ်လို့  ကျတော်တို့ စာရင်း တိတိကျကျမကောက်နိုင်ရင် သူတို့ ကရွာဥက္ကဌကော ရွာသူရွာသားတွေကအစ ခေါ်တွေ့ပြီး အရေးယူမယ်လို့ လည်း ရွာဥက္ကဌကိုကြိမ်းဆိုလိုက်တယ် “ဟု ရွာသားတစ်ဦးပြောပြချက်အရ သိရသည်၊

အဆိုပါရွာများသည် ယခုလိုအကြောင်းပြချက်တိတိကျကျမရှိဘဲ ခြိမ်းခြောက်မူ. အမိန့် အောက်ကလုပ်ပေးရ သောခိုင်းစေခြင်းကို အမိန့် အတိုင်းလွဲချော်မူတစ်ခုခုရှိပါက ဒဏ်ငွေပမာဏမနည်း ပေးရခြင်းသည်ယခင်က အတွေ့ကြုံ နှင့်အလာတူကြောင်းသိရှိရသည်၊

ယခုလိုရွာအတော်များများတွင် လူအ၀င်အထွက်စာရင်းတိကျခက်ခဲလှသည့်အချက်လက်များကိုကောက်ခံခြင်း သည်လာမဲ့ရွေးကောက်ပွဲ နှင့် ပယောဂမကင်းကြောင်းဟု ဒေသခံပြည်သူများက ယုံကြည့်ကြသည်၊

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး

သတင်းပြန့် ကြားရေးဌာန

Friday, April 23, 2010

မိုင်းအုန်းခိုင် (အထွေထွေအတွင်းရေးမှူး၊ ပလောင်အမျိုးသားပါတီ Palaung National Party)

အမည် မိုင်းအုန်းခိုင်
မွေးသက္ကရာဇ် ၁-၁-၁၉၆၁
မိဘအမည် အဖ ဦးအောင်ထွန်း (ကွယ်လွန်)၊ အမိ ဒေါ်ရွှေဥ (ကွယ်လွန်)
မွေးရပ်ဇာတိ အနောက်ကင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း
မွေးချင်းမွေးချင်း ၁၂ ဦးရှိရာတွင် ၁ဝ ဦးမြောက် ဖြစ်သည်။ မိုင်းအုန်းခိုင်မှလွဲ၍ ကျန်မိသားစုဝင်များမှာ လက်ဖက်တောင်သူများ ဖြစ်သည်။
အိမ်ရှင်မ အီတိုး (ခေါ်) ဒေါ်ရီရီခင်
သားသမီး သားတဦး
ပညာအရည်အချင်း နမ့်ဆန်မြို့နယ်၊ အနောက်ကင်း ကျေးရွာတွင် မူလတန်းအောင်ပြီး အလယ်တန်းနှင့် အထက်တန်းကို ကျောက်မဲမြို့ အထက (၁) တွင် သင်ကြားခဲ့ကာ ၁၉၇၈/၇၉ နှစ်များတွင် လာရှိုးတက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ ၁၉၈ဝ/၈၁ ခုနှစ်များတွင် မန္တလေးတက္ကသိုလ်၌ ဆက်လက်သင်ကြားခဲ့ပြီး သတ္တဗေဒ ဘွဲ့ရရှိခဲ့သည်။
ပါဝင်ခဲ့ဖူးသည့်အဖွဲ့ Palaung State Liberation Army (PLSA) “ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်” သို့ ၁၉၉၂ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝဝ ခုနှစ်မှ ယနေ့ထိ တွဲဘက်အတွင်းရေးမှူး။
လက်ရှိ လိပ်စာ ပလောင်ငြိမ်းချမ်းရေးရုံး၊ ၅၅ လမ်း၊ ၄၁/၄၂ ကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မန္တလေးမြို့
ရွေးကောက်ပွဲ နယ်မြေ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲနှင့် ကွက်ခိုင်မြို့နယ်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်း
ပါတီဝင် အင်အား ၅ဝ ကျော်၊ PLSA ရဲဘော်ဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည်
ရွေးကောက်ပွဲဝင်ရန်
ပြင်ဆင်မှု နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထားဆဲ


ရွေးကောက်ပွဲဝင်ရသည့် အကြောင်းအရင်း

''ဘာကြောင့် ရွေးကောက်ပွဲဝင်ရသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလာပြီပေါ့ဗျာ။ ပလောင်တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင်ပေါ့ဗျာ။ ဒေသဖွံ့ဖြိုးတိုးတက်အောင်ပေါ့။ အဲဒါကြောင့် ရတဲ့အနေအထား၊ ရတဲ့အဆင့်ကနေပြီးတော့ ဝင်ကြည့်ရတာပေါ့''

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား


''တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ အခွင့်အရေးမျိုးသော်လည်းကောင်း၊ နိုင်ငံသားအခွင့်အရေးသော်လည်းကောင်း၊ ပြည်သူ့အခွင့်အရေး အားလုံးကတော့ ကိုယ်လိုချင်တဲ့ အတိုင်းအတာတော့ မရသေးဘူးလို့ ပြောရမှာပေါ့။ ဒီအေခြေအနေမှာ ရသလောက် ဝင်ယူရမယ်လို့တော့ ခံယူထားပါတယ်''

''ပါတီအဖွဲ့ဝင်ရမယ်။ ကိုယ့်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအရ လွှတ်တော်တို့ ဘာတို့ရောက်မှ ဝင်ပြီး ပြောဆိုရမယ်ပေါ့ဗျာ။ အဲဒီအနေအထားလောက်ကျမှ ကျနော်တို့က ပြောလို့ရမှာကိုး''

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား

''ဘယ်လိုပဲဖြစ်ဖြစ်ဗျာ။ နိုင်ငံတော်ကပြောဆို ကြေညာထားတဲ့ အတိုင်းအတာမှာ လွတ်လပ်ခွင့်ရှိမယ်။ လူတိုင်း ပါဝင်ခွင့်ရမယ်လို့ တရားဝင်ကြေညာထားတာပဲ။ ဒီအနေအထားတိုင်း လုပ်ကိုင်ကြိုးပမ်းကြည့်ရမှာပေါ့။ ယုံကြည်သလားဆိုတော့ ယုံကြည်မှုကလေးနဲ့တော့ ဝင်လုပ်ရတာပေါ့။ လက်တွေ့မှာ သံသယထားပြီး ဝင်လုပ်နေရင်တော့ တိတိကျကျ သိရမယ့်ကိစ္စမှာ နှောင့်နှေးနေမှာပေါ့ဗျာ။ လုပ်ကြည့်တာပေါ့''

ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြုမယ်လို့ ထင်လား

''အသိအမှတ်ပြုမယ်ထင်လား၊ မထင်လားဆိုတာထက် လက်တွေ့ဖြစ်ပေါ်လာမယ့် အခြေအပေါ်မှာပဲ မူတည်တာပေါ့ဗျာ။ ကြိုတင်မှန်းဆနိုင်မယ့် အရာမျိုးမှ မဟုတ်တာဗျာ''

လက်ရှိ စီးပွားရေး မူဝါဒအမြင် သဘောထား

''မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အနေအထားကတော့ ပြည်သူလူထုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ။ စားဝတ်နေရေးအပိုင်းမှာရော၊ စီးပွားလုပ်ကိုင်နိုင်မှု အနေအထားမှာရော ကျပ်တည်းမှုတွေ ဖြစ်နေတာပဲလေ''

အာဏာရခဲ့ရင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

''အာဏာရဖို့တော့ မမက်ပါဘူးလေ။ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ရဲ့ဒေသ ဖွံ့ဖြိုးတိုးတက်မယ့် အနေအထားလောက် လုပ်ပေးနိုင်ဖို့၊ ပလောင်ဒေသ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစစလုပ်ဆောင်သွားပေးဖို့တော့ ရည်မှန်းတာပဲ''

ဒီအခက်အခဲတွေ ပပျောက်ပြီး အဆင်ပြေသွားအောင် ဘယ်စနစ်တွေ ကျင့်သုံးမှာလဲ

''လောလောဆယ် အနေအထားမှာတော့ ပြောလို့မရသေးဘူးပေါ့လေ။ ဖွဲ့စည်းပုံအနေအထားအရ။ ဘယ်လောက် အတိုင်းအတာထိ လုပ်လို့ရမလဲ။ လုပ်ခွင့်ရမရဆိုတဲ့ အခြေအနေပေါ်မှာ အနေအထားကိုကြည့်ပြီး လုပ်သွားရမယ့် အခြေအနေမျိုး ရှိတာပေါ့''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''ဒါကို ကျနော် မသုံးသပ်ချင်ပါဘူး။ အခုအနေအထားမှာ သုံးသပ်ဖို့အတွက်လည်း ကျနော်တို့အတွက် အရမ်းခက်ခဲပါတယ်''

မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ဆဲကာလမှာ ပြုပြင်လုပ်ဆောင်သင့်တဲ့ အရာတွေကို ပြောပါဦး


''ဘယ်လိုဟာမျိုးတွေ ပြုလုပ်သင့်လဲဆိုတော့။ လူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ပြည်သူတွေ အလွှာပေါင်းစုံ အားလုံးက ပါဝင်နိုင်ဖို့ အခွင့်အရေးမျိုး ပေးနိုင်ရင်တော့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်''

ပါတီထူထောင်ခွင့်ရပြီး လုပ်ကိုင်ခွင့်တွေ ရရှိလာမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ပါတီအနေနဲ့ ဘာတွေ လုပ်ပေးနိုင်မယ်လို့ တွက်ထားလဲ

''ပါတီထူထောင်ခွင့် မရသေးဘူးဆိုတော့ ဘာမှ ဆုံးဖြတ်လို့ မရသေးဘူးခင်ဗျ။ ပါတီထူထောင်ခွင့် ရပြီးမှပဲ၊ အစီအစဉ်တွေ ဆွဲရမှာပေါ့ခင်ဗျ''

PSLA အနေနဲ့တုန်းကရော ပြည်သူတွေကို ဘယ်လိုအကျိုးပြုတွေ လုပ်ပေးနိုင်ခဲ့လဲ

''၁၉၆၃ ခုနှစ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် အနေနဲ့ကတော့ လက်နက်ကိုင်လမ်းစဉ်ကို သွားခဲ့တာပေါ့။ အဲလိုလှုပ်ရှားလာခဲ့ပြီးတော့မှ ၁၉၉၁ ခုနှစ် အဲဒီမှာ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေး စယူတာပေါ့။ အဲဒီနောက် ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျနော်တို့ လမ်းဖောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လျပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း စသည်တို့ကို တပိုင်တနိုင် တတ်နိုင်သလောက် လုပ်ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၅ လက်နက်အပ်တဲ့ အချိန်အထိပေါ့ဗျာ''

ရွေးကောက်ပွဲဝင်မယ့် သူအနေနဲ့ပေါ့ဗျာ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်အခန်းကဏ္ဍတွေကို အရင်လုပ်ဖို့ လိုအပ်မယ်လို့ တွက်လဲ

''မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တော့ နိုင်ငံတော် အစိုးရအနေနဲ့ အခုတကယ် လိုအပ်နေတာက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ဖို့တော့ လိုတာပေါ့ဗျာ။ တိုင်းရင်းသားတွေ စည်းလုံးမှုရလာပြီဆိုမှ စီးပွားရေးကဏ္ဍကို တဆင့်သွားရမှာပါ။ ဒီအချိန်တွေကျမှပဲ တိုင်းပြည်က အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ဖြစ်မယ်လို့ ယုံကြည်တာပဲ''

လောလောဆယ် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအပေါ်မြင်တဲ့ အမြင်လေးကိုလည်း ပြောပါဦး

''ခင်ဗျားပြောတဲ့ အဲဒီလောလောဆယ်ထဲမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ တစုံတရာ ပြောဖို့ မရှိသေးပါဘူး။ ဒီအနေအထားမှာ ဘာမှ ဝေဖန်ပြောဆိုဖို့ မရှိပါဘူး''

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ

''ကျနော်တို့က စာနယ်ဇင်းနဲ့ပတ်သက်ပြီး နီးစပ်မှု မရှိဘူးဗျ၊ ဒါပေမဲ့ လွတ်လပ်ခွင့် ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ''

ပလောင်အမျိုးသားပါတီရဲ့ ကြွေးကြော်သံက ဘာလဲ

''ပါတီကြွေးကြော်သံက အခုထိ မချမှတ်ရသေးဘူးဗျ၊ အခုမှ ပါတီတည်ထောင်လိုသူများ ၁၅ ဦးကို ရွေးချယ်ပြီးမှ ပါတီထူထောင်ဖို့ပဲ ချမှတ်ရသေးတာပဲ ရှိတယ်လေ။ လမ်းစဉ်တို့၊ ကြွေးကြော်သံတို့၊ ဆောင်ပုဒ်တို့၊ မူဝါဒတို့ကတော့ သတ်မှတ်ထားတာ မရှိသေးပါဘူး။ ပါတီထူထောင်ဖို့ပဲ အရင်ကြိုးပမ်းရတာပါ။ အခုလည်း ကော်မရှင်ကို လျှောက်ထားတုန်း အဆင့်ပဲ ရှိပါသေးတယ်။ အဲဒါလည်း တစုံတရာ အကြောင်းပြန်ကြားလာခြင်းမျိုးလည်း မရှိသေးပါဘူး''

ပလောင်ပါတီ မှတ်ပုံတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော တိုင်းရင်းသားအခြေပြုပါတီ ၉ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ပါတီထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၁၉ ဖွဲ့တွင် ကရင်၊ ပအိုဝ့်၊ ကချင်၊ ချင်း၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ စသည့် တိုင်းရင်းသားများမှ ၉ ပါတီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့က ပလောင်အမျိုးသားပါတီက လျှောက်လွှာတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်များမှ ဝင်ပြိုင်မည်ဟု သိရသည်။

“ပလောင် တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်ပေါ့ဗျာ။ ဒေသဖွံ့ဖြိုးတိုးတက်အောင်ပေါ့။ အဲဒါကြောင့် ရတဲ့အနေအထား၊ ရတဲ့အဆင့်ကနေပြီးတော့ ဝင်ကြည့်ရတာပေါ့” ဟု အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က မဇ္ဈိမကို ပြောသည်။

သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးကို အကာကွယ် မပေးနိုင်ကြောင်းကိုမူ မိုင်အုန်းခိုင်က ဝန်ခံပြောဆိုသည်။

လက်ရှိ အဖွဲ့ဝင်ဦးရေ ၅ဝ ရှိသော ပါတီ၏ ဥက္ကဋ္ဌ မိုင်းအိုက်မုန့် အပါအဝင် အများစုမှာ ယခင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် Palaung State Liberation Army မှ ဖြစ်သည်။ PSLA သည် ၁၉၆၃ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်ခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်တွင် စစ်အစိုးရထံသို့ အပြီးတိုင် လက်နက်ချခဲ့သည်။

အပစ်ခတ်ရပ်စဲလိုက်ချိန်ကပင် အဖွဲ့ဝင်အချို့က မကျေနပ်၍ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး Palaung State Liberation Front ကို ထိုင်း-မြန်မာနယ်စပ်တွင် ထူထောင်လိုက်ကြသည်။

PSLF ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်းက ရွေးကောက်ပွဲဝင်ခြင်းဖြင့် ပလောင်တို့အတွက် အကျိုးမဖြစ်နိုင်ဟု ပြောသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် နအဖရဲ့ ပါတီတွေကလွဲရင် တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံသာဖြစ်တယ်။ အဲဒါကြောင့် ပလောင်လူမျိုးတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မယုံကြည်ဘူး” ဟု မိုင်းအိုက်ဖုန်းက ပြောသည်။

သူက PLSA လက်နက်အပ်လိုက်ပြီးချိန်မှစ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း မလုပ်နိုင်တော့ခြင်းကို ထောက်ပြ ပြောဆိုသွားသည်။

ပါတီထူထောင်ခွင့် လျှောက်သည့် ပါတီများအနက်မှ စစ်အစိုးရနှင့် ရင်းနှီးသည့် ဦးအေးလွင်နှင့် သူ၏ ညီအရင်းဖြစ်သူ ဦးရဲထွန်းတို့ ခေါင်းဆောင်ကြသော “၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)” နှင့် “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်” တို့ကို ပါတီထူထောင်ခွင့် ယမန်နေ့က ခွင့်ပြုလိုက်ပြီဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Monday, April 19, 2010

အလင်းမဲ့ဘ၀အစီရင်ခံစာမှ ဆိုးဝါးသော ပလောင်ဒေသတွင်း ပညာရေးကို ထပ်ဟပ်စေခြင်း။

ပလောင်ဒေသတွင်း ဆိုးဝါးသောပညာရေးတွေကြောင့် လူအခွင့်အရေးချိုးဖောက်မှုတွေတိုးပွားစေခဲ့တယ်လို့  တအာင်းကျောင်းသားနှင့်လူငယ်ငယ်များအစည်းအရုံးရဲ့ ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသော အလင်းမဲ့ဘ၀အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ဤအစီရင်ကို၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ သုတေသနပြုထားခြင်းဖြစ်ပါတယ်။

ပလောင်ဒေသတွင် သစ်တောပြုန်တီးမှု ပိုမိုများပြာနေ

သတင်း
တောင်ယာခုတ်ထွင် မီးရှို့မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် သစ်တောပြုန်းတီးမှုများလာရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တစ်လျှောက်တွင် သစ်တောပြုန်းတီးမှုနှုန်းမှာ အလွန်မြင့်တက်လာလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားအချို့နှင့် ဒေသခံများ၏ ပြောပြချက်များအရ သိရှိ ရပါသည်။ ဒေသခံ များ၏ အဆိုအရ လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကာလအတွင်း တရားမဝင် သစ်ခုတ် ယူမှုများရှိခဲ့သော်လည်း ယခုအချိန်အခါတွင် တောင်ယာလုပ်ငန်းအတွက် သစ်တောများ ခုတ်ထွင်ကာ မီးရှို့ ကြသဖြင့် သစ်ပင်ကြီးကြီး မရှိတော့ဘဲ တောင်ကတုံးများသာ မြင်တွေနိုင်တော့ကြောင်း ကွတ်ခိုင် ခရိုင်၊ မန်မိန်းကျေးရွာမှ ဒေသခံများက ပြောပြသည်။ ယင်းဒေသတစ်လျှောက်တွင် လောင်စာအဖြစ် ထင်းကို အလွန်အမင်း အသုံးပြုကြခြင်းကလည်း သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ တောင်ယာလုပ်မယ်ဆို ပထမဆုံး တောင်စောင်းတစ်လျှောက် သစ်ပင်တွေ ခုတ်ပြီး အငုတ်ပါမကျန် မီးရှို့ ပစ်ရတယ်။ ဒါကြောင့် ဒီမြောက်ပိုင်းဘက်မှာ တောင်ကတုံးတွေပဲ မြင်ရတော့မယ်။ အခုနောက်ပိုင်း မြေဆီလွှာ မကောင်းတော့ တောင်ယာကလည်း ခဏခဏ ပြောင်းလုပ်ကြရတယ်။ ဒါ့ကြောင် သစ်ပင်ဆို တာကြီးဖို့ အချိန်မရှိတောဘူး။ အရင်တုန်းကတော့ တောင်ယာတစ်ခုခုတ်ထားပြီးရင် ဆယ်နှစ်လောက် စိုက်လို့ရတယ်။ အခုက အခြေအနေပြောင်းသွားပြီ။ ရာသီဥတုတွေကလည်း မမှန် တော့ဘူးဟု ကွတ်ခိုင်မြို့နှင့် မလှမ်းမကမ်းရှိ ပလောင်ရွာမှ ဒေသခံများက ပြောသည်။ ယင်းဒေသတစ်လျှောက် သစ်တောပြုန်းတီးရသည့် အကြောင်းအရင်းတွင် အစားထိုး ပြန်လည် စိုက်ပျိုးမှု မရှိခြင်းကလည်း အချက်တစ်ချက်အဖြစ် ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် အချို့က ဆိုသည်။ အခုနောက်ပိုင်းတော့ နေရာဒေသအချို့မှာ ဒေသခံတွေ ကိုယ်တိုင်သစ်ပင်မခုတ်ရ ကန့်သတ်နေရာလေးတွေထားပြီး Community forest ပုံစံမျိုး ပြုလုပ်လာနေကြတယ်ဟု ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးကပြောသည်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် နည်းလမ်းအချို့တွင် တောင်ယာစိုက်ပျိုးခြင်းအစား အခြားအစားထိုးနည်းလမ်းများ အသုံးပြုခြင်း၊ ထင်းအစားလောင်စာများ အသုံးပြုစေခြင်း၊ သစ်တောများ ပြန်လည်ထူထောင် စိုက်ပျိုးခြင်းနှင့် ဒေသခံများအား အသိပညာပေးခြင်းများ လုပ်ဆောင်ပေးနိုင်ကြောင်း ဝါရင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။