Monday, January 16, 2012

နောက်ကြောင်း ပြန်မလှည့်ကြေး နော် ဗိုလ်ပြုတ်မှူး ဖင်တွန့်

ကန်းစွန်းရွက်က တစ်စည်းတစ်ရာကနေ နှစ်ရာဖြစ်သွားတယ်။ ဆီ၊ ဆား၊ ငရုတ်ကြက်သွန် အကုန်ဈေးတက်တာချည်းပဲ။ ဆီသည်ကို မေး ကြည့်တော့လဲ အာစီယံစံနှုန်းနဲ့အညီ တက်တာတဲ့။ ကားတွေကို အာစီယံစံနှုန်းနဲ့အညီ တန်ချိန်သတ်မှတ်လို့ ကားခတွေ ဈေးကြီးလို့ သယ်ယူပို့ ဆောင်ခတွေတက်လို့ပါတဲ့။ မြတ်စွာဘုရား …. တို့ရွှေပြည်ကြီး အာစီယံဥက္ကဌအလှည့်ကျကာမှ ဂျီးဒေါ်တို့ကုန်ဈေးနှုန်းတွေလဲ အကုန်အာစီယံနေပါလား။ နေပါဦး ဒေါ်ဆိတ်မရယ်.. ကန်စွန်းရွက်ကကော အာစီယံစံနှုန်းနဲ့အညီဈေးတက်တာလားဆိုတော့ မီတာခတွေ ဈေးတက်လို့ မီးရထားခတွေဈေးတက်လို့တဲ့တော်။

ဂျီးဒေါ်တယောက် အာစီယံစံနှုန်းနဲ့အညီ စားသောက်နေထိုင်နေရတဲ့… သူ့အာစီယံခန္ဓာကိုယ်ကြီးကို အာစီယံစံနှုန်းဖြင့်အညီ တလိမ့် လိမ့် လျှောက်လာတုံး ရှေ့တည့်တည့်မှာ ဘယ်ခွေးမှ လူမထင်ဟန်၊ တင်းမာခက်ထန်သောမျက်နှာထားဖြင့်  ခပ်ကြွားကြွားလျှောက်လာသူ တဦးကိုတွေ့လိုက်ရာ ကမန်းကတန်း လမ်းဖယ်ပေးလိုက်ရတယ်။ အလို .. မကြာသေးခင်ကမှ လွတ်ငြိမ်းသက်သာလား၊ ချမ်းသာလား ဘာမှန်းမသိသော နိုင်ငံတော်သမတကြီးရဲ့စေတနာနဲ့လွတ်လာတဲ့ ထောက်လှမ်းရေးဗိုလ်ပြုတ်မှူးကြီး ဖင်တွန့်ပါလား။ ထောက်လှမ်းရေးပီပီ မျက်လုံးက ဂျီးဒေါ်လက်ဆွဲခြင်းထဲမှာပါလာတဲ့ပစ္စည်းတွေကို မလိုတမာကြည့်ရင်း အကျင့်မပျောက်သေးတဲ့ လေသံမာမာနဲ့ ….

“ဂျီးဒေါ် .. ဘာတွေဝယ်လာတာလဲ။ ဓာတ်ခဲတွေက ဘာလုပ်ဖို့လဲ။ ဖောက်ခွဲရေးသင်တန်းတက်လာတာလား။ ဟို ..ရေဒီယိုတွေက ထုပ် တဲ့လေပုပ်ထုပ်ဆေးတွေ နားထောင်မလို့လား”

သူ့လေသံနဲ့အချိုးကိုကြည့်ပြီး ဂျီးဒေါ် နဲနဲတင်းသွားတယ်။

“ဟေ့ ငါ့ဘာသာ ဓာတ်ခဲဝယ်လာတာကို ဘာစာရင်းလာရှုပ်တာလဲ။ နာရင်းအအုပ်ခံချင်လို့လား။ စစ်အာဏာရှင်ခေတ်လို ကလိမ်စေ့ငြမ်းဆင် ပြီး ဓာတ်ခဲတွေ့တာနဲ့ ဖောက်ခွဲရေးသမားလုပ်၊ အမှုဆင်မလို့လား။ ခေတ်ပြောင်းသွားပြီ။ ဒီမိုကရေစီခေတ်ကွ။ လွှတ်တော်နဲ့ သမတနဲ့ နေတာ။ နိုင်ငံတော် သမတကြီးကတောင် ပြည်သူ့အသံကို တလေးတစားနားထောင်တဲ့ခေတ်။ နင်တို့ ဆရာတောင် အခု ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးချင်ဟန်ဆောင် …အဲလေ … ကျိုးနေပြီ။ တရားစခန်းဝင်တော့မယ်တဲ့။ သိလား ..။ သွားးးးး နင်တို့က သူများထက် အကုသိုလ်ပို များတယ်။ တရားများများထိုင်။ ဒါမှ ငရဲကြီးရှစ်ထပ်မှာ အဆင့်မြင့်မြင့်လေးနေနိုင်မှာ” လို့ ဟောက်ပစ်လိုက်တယ်။

ဘာရမလဲ … ဂျီးဒေါ်ကို လာစမ်းလို့။ အရင်လို ရိုးရိုးအအ အဖိနှိပ်ခံပြည်သူ့နင်းပြား ဂျီးဒေါ်မဟုတ်တော့ဘူးနော်။ ပြည်သူကို လေးစားရတဲ့ အာစီယံဒီမိုကရေစီစံနှုန်းနဲ့နေတဲ့ အာစီယံဂျီးဒေါ်ဟေ့ …။ ထိုစဉ် တူတော်မောင်သာဂိရောက်လာပြီး ….
“ဟာ ဂျီးဒေါ်ရာ ဒီကောင်မျိုးတွေ ဆေးဖော်ကြောဖက်လုပ်မနေနဲ့။ စကားလေးတောင် သွားမဟနဲ့ဗျ။ သူတို့အကုသိုလ်တွေက ကြီးတယ်။ လာလာ အရှိန်ဟပ်ပြီး ပါနေဦးမယ်။ အဖော်ကောင်းလို့ ငရဲလိုက်ချင်သူတွေသာ သူတို့နဲ့ပေါင်းလိမ့်မယ်။ တိုင်းသူပြည်သားတွေကို ထင်သလို လူမဆန်အောင် နှိပ်စက် ဖမ်းဆီး၊ သတ်ဖြတ် အကောက်ကြံထားတဲ့ အကုသိုလ်တွေက နဲမှတ်လို့”

ဂျီးဒေါ်တို့တူအရီးနှစ်ယောက်စကားကြောင့်  ဗိုလ်ပြုတ်မှူးဖင်တွန့် သုတ်ခြေတင်သွားလေပြီ..။ ဂျီးဒေါ်တို့ တူအရီး .. စကားတပြောပြော နဲ့ လျှောက်လာရင်း ဂျီးဒေါ်က ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြရာ …

အေးဗျာ …သူတို့ထောက်လှမ်းရေးတွေ မိုးကောင်းတဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ ပြည်သူတွေကို ထင်သလို နှိပ်စက်သတ်ဖြတ်၊ အမှုတွေဆင်ပြီးဖမ်းခဲ့တာ။ အခုကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ သူတို့မတရားအမှုဆင်ပြီး ဖောက်ခွဲရေးအမှုတွေနဲ့ ဖမ်းခံရသူတွေ မပါသေးဘူးဗျ။ သူတို့ကတော့ အကုန်ပြန်လွတ်နေတာ သိပ်တော့တရားနည်းလမ်းမကျသေးဘူး။ တကယ်ခေတ်ပြောင်းပြီဆို ရင် အပြစ်မဲ ဖမ်းဆီးခံနေရသူတွေကို လွှတ်ပေးသင့်တယ်ဗျ။”
“အေးလေ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေကို ထောက်ဒဏ်ချခဲ့တာရော၊ ဘာတဲ့ ကွန်ပျူတာနဲ့ရေးတဲ့စတစောင်ကို ၁၅ နှစ်နှုန်းနဲ့ စာလေးစောင်အတွက် နှစ် ၆၀ ချခဲ့တယ်တဲ့။ သတင်းထဲမှာ မနေ့က နားထောင်လိုက်ရတာ။ မတရားပြစ်ဒဏ်တွေချတာမို့ ကမ္ဘာကတောင် မနေသာပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရယ်၊ ပြည်သူတွေရဲ့တောင်းဆိုမှုတွေရယ်ကြောင့် ပြန်လွှတ်ပေးလိုက်ရတာ။ ဒီမိုကရေစီအစိုးရလို့ နာမည်ခံပြီး လူလူသူသူ အသိအမှတ်အပြုခံချင်ရင်တော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရပ်ပြီး ပြုပြင်သင့် လုပ်သင့်တာတွေ ဆက်လုပ်ရမှာပေါ့နော်”

“အလဲ့ … တို့ဂျီးဒေါ်လဲ အာစီယံစံနှုန်းနဲ့အညီ အတော်တိုးတက်လာပြီကွ”
“အံမယ် ငါက နင်ပြောလို့ ဂျာနယ်တွေလဲဖတ်တယ်၊ သတင်းတွေလဲ နားထောင်တယ်။ ကွန်ပျူတာသင်တန်းတက်ပြီး အင်တာနက်တောင် သုံးမလားလို့။ တော်ကြာ စစ်အာဏာရှင်လက်အောက်က တရားစီရင်ရေးမှာ တရားသူကြီးတွေက အီးမေးလ်အကောင့်ဆိုတာ ဘာမှန်းမသိပဲ တရားစီရင်သလိုဖြစ်နေမှာစိုးလို့ … ဟဲ ဟဲ”
“တကယ်တော့ အဲဒါလဲ စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးကွန်ယက်တွေနဲ့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ခွစီးခံရတဲ့ဖြစ်ရပ် ပဲလေ။ တရားဥပဒေရဲ့အထက်မှာ စစ်ထောက်လှမ်းရေးတွေ ကြီးစိုးခဲ့လို့ ဖြစ်ခဲ့တာတွေဗျ။ ပြီးတော့ ထောင်တွေထဲမှာလည်း နိုင်ငံရေးအ ကျဉ်းသားမရှိပါဘူးသာပြောတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို “သီးလုံ” ဆိုပြီး သာမန်အကျဉ်းသားတွေထက် အခွင့်အရေးတွေ ကန့်သတ်ဖိနှိပ်ခဲ့တာတွေ၊ ဒါတွေအားလုံး ဒင်းတို့လက်ချက်တွေချည်းပဲ”
“အင်းနော် … ဟိုနေ့ ရေဒီယိုသတင်းတခုထဲမှာ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောသွားတာ ကြားလိုက်တယ်။ သူတို့ကို ထောင်နှစ်ရှည်ချခဲ့တဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ စီရင်ထုံးတခုဖြစ်တယ်တဲ့”

“အေးပေါ့ဗျာ … မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို အမည်းစက်စွန်းထင်းခဲ့တဲ့ စီရင်ထုံးတခုပဲဗျ။ အဲဒီလို မတရားစီရင်ထုံးတွေဟာ စစ် အာဏာ ရှင်အဆက်ဆက်မှာ အများကြီးရှိခဲ့တယ်။ ခံရသူတွေအတွက် အသက်စွန့်ခဲ့ရတယ်။ ဘ၀တွေပျက်ခဲ့ရတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ အဖက်ဖက်က နစ်နာခဲ့ရတယ်”
“အင်းနော် ..။ ဒီအဖြစ်အပျက်တွေကို တော်ရုံတန်ရုံလူတွေ ဘယ်လို သင်ပုန်းချေနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေကတော့ သဘောထားကြီးပါတယ်။ ဘယ်တုန်းကမှ သူတို့ရဲ့နာကျင်မှုတွေကို ဗန်းတင်မနေကြဘူး။ တိုင်းပြည်ကောင်းကျိုး ရှေးရှုပြီး စွန့်လွှတ်စွန့်စားခဲ့ကြတယ်။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့ကို တခဲနက်ထောက်ခံကြတာပေါ့”

“အင်းးးးးးးခံရတဲ့လူတွေက တိုင်းပြည်အကျိုး ရှေ့ရှုပြီး သင်ပုန်းချေတယ်ပဲထားဦး။ မြန်မာ့တရားစီရင်ရေးရဲ့ အမည်းစက်တရားစီရင်ထုံးမျိုး တွေကိုတော့ ဒီမိုကရေစီအစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ပြန်လည်သုံးသပ်သင့်ပြီ။ ပြင်ဆင်သင့်တာတွေ ပြန်လည် ပြင်ဆင်သင့်ပါပြီဗျာ။ ဂျီးဒေါ်ပြောတဲ့ အာစီယံစံနှုန်းနဲ့လဲ မညီ၊ ရှက်စရာကောင်းပါတယ်ဗျာ”

“ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးကို လွှတ်တော်ထဲကနေ ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲဝင် တာလို့ပြောတာနော်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုလား …၊ တို့ပြည်သူတွေက သူ့ကို ၀ိုင်းရံရမယ်ပေါ့ …။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အောင်နိုင်ရေးအတွက် ထောက်ခံရမယ်ပေါ့ ဟုတ်လား”
“အင်းးးး ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မထောက်ခံတဲ့အတွက် ဒီဖွဲ့စည်းပုံကို အခြေပြုတဲ့ ဒီရွေးကောက်ပွဲကိုတော့ သိပ်အားမပေးချင် ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒီနည်းလမ်းနဲ့ ဒီအခြေခံဥပဒေကိုပြင်ဖို့ ရွေးချယ်ခဲ့တာဆိုတော့လဲ တိုင်းပြည်ကောင်းကျိုး ဆောင်မယ့် ဒေါ်စုရဲ့လုပ်ရပ်တွေကို ၀ိုင်းရံရဦးမှာပေါ့ဗျာ။ နောက်ပြီး ဒီတခါမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ မသာမှုတွေ မရှိအောင်လည်း အားလုံးသတိရှိရမယ် ထင်တယ်ဗျ”

“ငါတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အနိုင်ရသွားတဲ့အခါ အာဏာခွဲဝေမပေးချင်တာနဲ့ နောက်ပြန်လှည့်တာမျိုး မလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”
“အဲဒါကို ကျနော်တို့ပြည်သူတွေရယ်၊ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာတွေရယ်၊ ကမ္ဘာ့ပြည်သူတွေရယ်၊ မျက်ခြည်မပြတ်စောင့်ကြည့်ရမှာပေါ့။ လိုအပ်ရင် ပြည်သူတွေရဲ့အသံကို ပြည်သူတွေကိုကိုယ်စားပြုထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေသိအောင် သတ္တိရှိရှိ တာဝန် သိသိ လုပ်ပေးရမယ်”

“ဒါဆို တို့ပြည်သူတွေကလည်း လွှတ်တော်ပြင်ပကနေပြီး တိုင်းပြည်အကျိုး ပြည်သူလူထုရဲ့အကျိုးတွေအတွက် လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုလား လုပ်ဖို့တာဝန်ရှိတာပေါ့နော်”
“ဟုတ်တာပေါ့ဗျာ။ ဒါနဲ့ဟိုတနေ့က ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသုံးသွားတဲ့ အသုံးအနှုန်းလေးတခု ဂျီးဒေါ်သတိထားမိလား”

“ဘာလဲ ပြောပါဦးသာဂိရဲ့”
“သူက ပြောနေကျ လွှတ်တော်တွင်းနိုင်ငံရေးဆိုတာကို ကိုယ်စားပြု ဒီမိုကရေစီတဲ့။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာကို တိုက်ရိုက်ဒီမိုက ရေစီတဲ့။ သူဆိုလိုချင်တာက ပြင်ပဆိုတဲ့စကားလုံးကို သုံးချင်ဟန်မတူဘူးဗျာ။ ပြင်ပဆိုရင် ဥပဒေပြင်ပကလိုလို သဘောထား တင်းမာ သူတွေလိုလို တင်တတ်ကြ သတ်မှတ်ကြတာကိုး။ နောက်ပြီး ပြီးခဲ့တဲ့ ဧရာဝတီမြစ်ဆုံဆည်ကိစ္စမှာ ပြည်သူတရပ်လုံးရဲ့ တက်ညီလက်ညီ လှုပ်ရှားကြတာကို လွှတ်တော်ပြင်ပက နိုင်ငံရေး၊ တနည်းအားဖြင့် ပြည်သူက တိုက်ရိုက်သက်ဆင်းတဲ့ တိုက်ရိုက်ဒီမိုကရေစီ အဖြစ် ဥပမာ ပေးပြောသွားတာဗျ”

“ဒါဆို..တို့ပြည်သူတွေကလည်း ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို အသုံးပြု ပြီး တိုက်ရိုက်ဒီမိုကရေစီနဲ့ တိုင်းပြည်အကျိုးကို ၀ိုင်းဝန်းနိုင်တာပေါ့နော်..”

ဂျီးဒေါ်တို့တူအရီး စကားကောင်းနေစဉ် .. ဗိုလ်ပြုတ်မှူး ဖင်တွန့်က.. ခုနနဲ့မတူတဲ့ အပြုံးအတုတခုတပ်ဆင်ပြီး ဂျီးဒေါ်တို့အနားကို ပြန် ချဉ်းကပ်လာပြန်ပါတယ်..။

“ဟဲ..ဟဲ နေကောင်းကြတယ်နော်..။ ကျနော် လမ်းပြပေးရဦးမလား”

သူ့အချိုးက နဲနဲပြောင်းလာပုံရလို့ ဂျီးဒေါ်က အားနာယောင်ယောင်ပြုပေမယ့် သာဂိကတော့
“ကဲ..ကိုယ့်လူ..အချိုသပ်ပြီး ဒီမှာလာရှုပ်မယ်မကြံနဲ့။ ဂျီးဒေါ်နော် ယောတောယောင်တောင် သွားလုပ်မနေနဲ့။ အဖော်ကောင်းလို့ ငရဲပါ သွားဦးမယ်။ ခင်ဗျားလဲ သွားဗျာ။ ဘာလမ်းမှပြစရာမလိုတော့ဘူး။ ခင်ဗျားဒုက္ခပေးခဲ့တာတွေများပြီ။ ကိုယ့်ဘာသာ တရားပဲအားထုပ်ထုပ်။ တရုတ်ပဲ အားထားထား။ သွားဗျာ…သွား…သွား”

ဗိုလ်ဖင်တွန့်က သနားစရာမျက်နှာပေးလေးနဲ့
“အိုးးး မရှုပ်ပါဘူး..ဗျာ။ ရှုပ်မယ်ဆိုရင်လည်း မီဒီယာကတဆင့်ရှုပ်မှာပါ။ အခုလောလောဆယ် ရုပ်ရှင်မင်းသားလုပ်မလားလို့ အိုက်တင် ကျင့်နေတာပါ´´

“ခင်ဗျားကာရိုက်တာနဲ့ဆို ဗီလိန်ခန်းကပဲရမယ်ဗျို့။ ဗီလိန်ခန်းကပါရင်တောင် အဲဒီရုပ်ရှင်ကြည့်မယ့်သူ့ရှိမှာမဟုတ်ဘူး။ ပြည်သူ့ရဲ့ဒဏ် ခတ်မှုကို ဒီထက်ပိုမခံရခင်…စိတ်လျှော့ ..စိတ်လျှော့ ..”

http://moemaka.com/2012/01/gyaw-dee-%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%80%9C%E1%80%BD%E1%80%8A/

စစ်ပွဲကြောင့် တအာင်းဒေသရှိ စာသင်ကျောင်းများ ပိတ်လိုက်ရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်တပ်နှင့်မြန်မာတပ် တို့အကြားဆက်လက်ဖြစ်ပွားနေ သောစစ်ပွဲကြောင့် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစ၍ ယနေ့ထိ တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မန်တုံမြို့နယ်တွင်း ကျေးရွာပေါင်း (၇) ရွာတွင် မူလတန်း စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု သိရှိရသည်။

တအာင်းဒေသရှိ စာသင်ကျောင်းတစ်ကျောင်း

“ကလေးတွေ ကျောင်းတစ်နှစ်အောက်သွားတော့ နောက်နှစ်လည်းဒီအတန်းပဲ ပြန်တက်ကြရတော့မယ်၊ ကျောင်းပြန်ဖွင့်ပေးဖို့ တာဝန်ရှိသူတွေ ဖြေရှင်းပေးမလားဆိုပြီး စောင့်နေခဲ့တာ အခုတောင် စာမေးပွဲဖြေချိန်ရောက်တော့မယ်၊ ကျောင်းက ဆရာ/ဆရာမတွေလည်း ပြန်မလာကြသေးဘူး။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။” ဟုကျောင်းသား မိဘတစ်ဦးမှ ပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ပညာသင်နှစ်တွင်း ကျောင်းသူ၊သားများသည် ဇွန်လမှ ဇူလိုင်လလယ်အထိသာ ကျောင်းတက်ခွင့်ရပြီး စစ်ပွဲကြောင့် ဆရာ/ဆရာမများမှာ ဆက်မနေရဲတော့ဘဲ ဇာတိဒေသကို ပြန်ကုန်ကြခြင်းကြောင့်ဖြစ်သည်။ အများအားဖြင့် ကျောင်းဆရာ/ဆရာမများသည် မြန်မာပြည် အလယ်ပိုင်းကနေလာကြသူများဖြစ်သည်။ သူတို့ပြန်သွားပြီးကတည်းက ကျောင်းတော်တော်များကို ပိတ်လိုက်ရပြီး ဆရာ/ဆရာမတွေ ပြန်လာနိုးနဲ့ စောင့်နေရင်း ယနေ့အထိ ပြန်ရောက်လာခြင်းမရှိဘဲ ကျောင်းပိတ်လိုက်ရသည့် အနေအထားဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရသိရှိရသည်။

တအာင်းကျေးရွာပေါင်း (၇) ရွာတွင် စုစုပေါင်းကျောင်းသူ/သားဦးရေ ၂၀၀ ကျော်လောက်ရှိပြီး ပန်လုံ(၆၀) ဦး၊ မန်ဆာရွာ-(၁၈) ဦး၊ မန်ယောင်းရွာ (၂၀) ဦး၊ ခါးအော်ရွာ(၆) ဦး၊ မန်မောင်းရွာ(၂၀) ဦးအပြင် အခြားရွာများလည်းပါဝင်ကြောင်း သိရှိရသည်။

လာမည့်ဖေဖေါ်ဝါရီလတွင် စာမေးပွဲဖြေရမည့်အချိန်ရောက်သော်လည်း မန်တုံမြို့နယ် ပညာရေးမှူး ဦးတင်ငွေသည် တစုံတရာဖြေရှင်းပေးခြင်းမရှိသေးဘဲ စာသင်ကျောင်းများ ပိတ်ထားနေရဆဲဖြစ်သည်။ ပညာရေးမှူးသည် ၂၀၁၁ ပညာသင်နှစ် ကျောင်းစဖွင့်ချိန်တွင် မန်တုန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးထံ ကျောင်းသုံး ဗလာစာအုပ်များကို မဝယ်မနေရစနစ်ဖြင့် ရောင်းချခဲ့သူလည်း ဖြစ်သည်။

ကြံ့ဖွံ့စစ်တပ်နှင့် ပန်ဆေးပြည်သူ့စစ်တို့ ပလောင်ရွာသားများ၏ ပစ္စည်းဥစ္စာလုယက်ပြီး ရွာသားတဦးကိုသတ်ဖြတ်

သတင်းထုတ်ပြန်ချက် ၁၅ ရက် ဇန်န၀ါရီလ ၂၀၁၂ ခုနှစ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် မြန်မာစစ်တပ် ခမရ ၅၀၇ မှ ဗိုလ်မှူးမြတ်ထွန်းလင်း ဦးဆောင်သော အင်အား ၂၀ ကျော်နှင့် ပန်ဆေး ပြည်သူ့စစ်မှ ကျန်းလူနှင့်ကျန်ကွေရှင်း ဦးဆောင်သော အင်အား ၆၀ ခန့် စုစုပေါင်းအင်အား ၈၀ကျော်တို့သည် နမ့်ခမ်းမြို့နယ...်၊ မိုင်းဝီး-ကျယ်နေးအုပ်စုရှိ ဖားပြန့်ရွာသို့လက်နက်အင်အားဖြင့် ၀င်ရောက်ကာ ငွေ၊ လက်ဝတ်ရတနာများ၊ စားသောက်ဖွယ်ရာများ အတင်းအဓမ္မလုယက်ယူငင်ပြီး ရွာသားတဦးကို ညင်းပမ်းနှိပ်စက်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုအင်အား ၈၀ ကျော်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့တို့သည် ဖားပြန့်ရွာအတွင်းသို့ဝင်ရောက်လ
ာပြီး ကျေးရွာရှိ အိမ်များမှ ငွေ၊ လက်ဝတ်ရတနာများ၊ ကြက်၊ နွား အစရှိသည့်စားသောက်ဖွယ်ရာရိက္ခာများ စုစုပေါင်းခန့်မှန်းခြေ ကျပ်ငွေသိန်း ၃၀ ခန့်အတင်းအဓမ္မ လုယက်ယူငင်ခြဲ့ကပါသည်။

ထိုကဲ့သို့ ရွာသားများ၏အိမ်ထဲသို့ဝင်ရောက်လ
ုယက်ကြစဉ် မိုင်းဝီးအရံပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ အိုက်ထဲတ်နိုင် ကိုဖမ်းဆီးပြီး အမျိုးမျိုးညင်းပမ်းရိုက်နှက်ခဲ့သည်။ အိုက်ထဲတ်နိုင်ကို သတင်းပေးသူဟုစွပ်စွဲကာ ရွာထိပ်သို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်လိုက်သောကြောင့်ခါးတွင်ထိမှန်သွားပြီး၊ ထိုရွာထိပ်ရှိ ဦးအိုက်ကော၏ အိမ်တွင် ၄ ရက်နေ့မနက် ၄ နာရီခန့်၌ သေဆုံးသွားခ့သဲ ည်ဟု ထိုရွာသားပြောပြချက်အရ သိရှိရပါသည်

ထိုနောက် လုယက်၍ရရှိသော စားသောက်ဖွယ်ရာပစ္စည်းများကို ပန်ဆေးပြည်သူ့စစ်၏ စခန်းတခုဖြစ်သည့် ၀ါရော့စခန်း သို့ ထိုဖားပြန့်ရွာသားများကို သယ်ဆောင်ပို့ခိုင်းသည်ဟု ထိုရွာသားကပြောပြပါသည်။

“သတင်းတွေထဲမှာ ပန်ဆေးပြည်သူ့စစ်က မူးယစ်ဆေးဝါးတွေရောင်းဝယ်နေတ့ဟဲ
ာတွေ သတင်းတက်နေတာ ပလောင်ရွာသားတွေပဲဖြစ်မယ်ဆိုပြီး အခုလို ကျနော်တို့ပလောင်ရွာကို လာရောက်နှိပ်စက်ပညာပေးတာဖြစ်တယ်လို့ ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင်တယောက်ကပြောတယ်” ဟု နမ့်ခမ်းဒေသခံတဦးကပြောပြပါသည်။

ပန်ဆေးပြည်သူ့စစ်သည် နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသတွင်အခြေစိုက်ပြီး ခေါင်းဆောင်ဖြစ်သူ ပန်ဆေးကျော်မြင့် သည် ၂၀၁၀ရွေးကောက်ပွဲတွင် မသမာသည့်နည်းလမ်းဖြင့်မဲများ ရယူ
ကာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်တဦး ဖြစ်လာသည်။ ပန်ဆေးပြည်သူ့စစ်သည် လက်နက်ကိုင်အင်အားဖြင့် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူချက်ခြင်း၊ ရာမစိတ်ကြွဆေး ထုတ်လုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတို့ပြုလုပ်နေသည်ဟု ဒေသခံပြည်သူအများက သိရှိထားကြသည်။

ပိုမိုသိရှိလိုပါက- (၆၆) ၀၈၀ ၁၂၇ ၂၅၄၈ သို့ဆက်သွယ်ပါ။

Saturday, January 14, 2012

တအာင်း(ပလောင်)တော်လှန်ရေးနေ့တွင် ပြည်ပရှိ တအာင်းလူငယ်များတက်ရောက်အားပေး

၁၂ ရက်ဇန်န၀ါရီလ ၂၀၁၂ ခုနှစ်တွင်ကျရောက်တော့ ၄၉ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင်ကျင်းပကြရာ ပြည်ပတွင် ပညာသင်ကြားသူနှင့် အလုပ်လုပ်နေကြသူ ပြည်ပရောက် တအာင်းလူငယ်များ ငါးဆယ်ကျော်တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။

ပုံ- ၄၉ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အခန်းအနားသဘာပတိတဦး မိန့်ခွန်းပြောကြားနေစဉ်

၄၉ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့အခမ်းအနားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ ကြသောအာဇာနည်ခေါင်းဆောင်များအားအလေးပြုခြင်း၊ တော်လှန်ရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်များက တော်လှန်ရေးအမှတ်တရဂုဏ်ပြုစကားများပြောကြားခြင်းနှင့် တအာင်းရိုးရာအိုးစည်ဗုံမောင်းများတီးကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ပရိသတ်စုစုပေါင်းတရာနီးပါးခန့်တက်ရောက်ခဲ့ကြောင်း တက်ရောက်သူတဦး ကပြောပြပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး လွေးနွေနှောင်း က အခမ်းအနားအပိတ်မိန့်ခွန်းပြောကြားရာ တွင် “တအာင်းနိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးနှင့်လူငယ်များ အခန်းကကို တိတိကျကျပိုမိုထည့်သွင်းသင့်ပါတယ် လို့ ကျမ အကြံပြုချင်ပါတယ်။ပြီးတော့ ကျမတို့တအာင်းပလောင်လူငယ်အမျိုးသမီးများ အားလုံးလည်း စည်းလုံး တက်ကြွကြဖို့၊ မျိုးချစ်စိတ်တွေ၊ တော်လှန်ရေးအားတွေ ပိုမွေးကြဖို့ အရေးကြီးတယ်”ဟု တိုက်တွန်းပြောကြားခဲ့သည်။

တက်ရောက်လာသည့် မဟာမိတ်ခေါင်းဆောင်များမှ KNUတွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောဒေါ့လေးမူ က KNU ၏ရပ်တည်ချက်၊ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးသည့်အခြေအနေနှင့် UNFC မူသဘောထားအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း သူ၏မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

DPNS အထွေထွေအတွင်းရေးမှူး ဦးငွေလင်း က မြန်မာပြည်၏လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများ၏ အခြေနေများ သုံးသပ်ပြောကြားပြီး မြန်မာ့ဒီမိုကရေစီရေးတွင် ယင်းတို့၏ပါတီအနေဖြင့် ကျရာအခန်းအခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်းသင့်မြတ်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အရေး-ငြိမ်းချမ်းရေးတည်ဆောက်ရန်လိုအပ်မှုများကို ပြောကြားခဲ့ပါသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကလည်း လက်ရှိတအာင်းဒေသတွင်း နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ၊ လက်ရှိရှမ်းပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်ပွဲဒဏ်ကြောင့် ဒေသခံပလောင်ပြည်သူများ ဒုက္ခရောက်နေရပုံများကို တင်ပြခဲ့ပါသည်။

ထိုအတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ဥက္ကဋ္ဌ တာအိုက်ဖုန်း က “လက်ရှိအခြေအနေတောင်းဆိုမှုအရ တအာင်းလူထုနှင့် တအာင်းနယ်မြေကိုကာကွယ်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်း တပ်ဦး၏နိုင်ငံရေးဦးဆောင်မှုဖြင့် ဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ တအာင်းအမျိုးသားတပ်မတော် - TNLA ကို ပိုမိုအားဖြည့်လှုပ်ရှားသွားပါမယ်၊ မဟာမိတ်များနဲ့ ပူးတွဲပြီး တအာင်းပလောင်ဒေသစိုးမိုးရေးကို လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အလားတူ ၄၉ နှစ်မြောက်တအာင်းတော်လှန်ရေးနေ့တွင် ထုတ်ပြန်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၏ သဘောထားထုတ်ပြန်ချက်တွင်လည်း တအာင်းဒေသနှင့်လူထုကိုကာကွယ်စောင့်ရှောက်ရန်အတွက် တအာင်းတပ်မတော်နှင့်အတူ မျိုးချစ်တအာင်းလူငယ်များ ပူးပေါင်းတိုက်ပွဲဝင်ကြရန်၊ တအာင်းပြည်သူလူထုတရပ်လုံးကလည်း ၀ိုင်းဝန်းထောက်ခံ ပါဝင်ကြရန် တိုက်တွန်းနိုးဆော်ထားသည်။

တအာင်း(ပလောင်) လူမျိုးတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုနောက် ဖိအားအမျိုးမျိုးကြောင့် ၂၀၀၅ ခုနှစ်တွင်လက်နက်အပ်ခဲ့ရသည်။

Friday, January 13, 2012

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု နောက်ဆုံးရသတင်း ၂း၃၇ နာရီ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်သူ (၆၅၁)ဦးတွင် ယုံကြညက်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၅၉၁)ဦး နှင့် ကျန် (၆၀) ဦးတွင် ယခင် စစ်ထောက်လှမ်းရေးနှင့် အကောက်ခွန်မှ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြပါသည်။ ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူ အချို့သည် လေကြောင်းဖြင့် ရန်ကုန်သို့ပြန်လာနေသည့် အတွက် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေကြကြောင်း သိရပါသည်။

Thursday, January 12, 2012

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၉း၅၈ နာရီ

ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၉ နာရီ ခွဲ

သာယာဝတီ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၇ ဦး၊ အကျဉ်းသူ ၂ ဦး၊ သာမန်အကျဉ်းသူ ၁ဦး၊ ထောက်လှမ်းရေး ၇ ဦး၊ နစက/နစရ ၇ ဦးတို့ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၇ ဦးအနက်ဆရာရဲ၊ ဦးဝင်းမြင့်၊ ကိုလွင်မိုးမြင့်၊ ဦးအောင်သန်း၊ ဦးခင်လှိုင် ၊ ဦးကျော်၊ ဦးဝင်းထိုက်၊ ဘိုဘို၊ မကြည်ကြည်ဝါ၊ မနီလာသိန်း အစရှိသူတို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်က သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း၏ ကား အပါအဝင် ရဲမှူးကြီးများ၏ ကားအချို့ ရောက်ရှိလာသည်ကို တွေ့ရပြီး အလားတူ ဒေါက်တာခင်ရွှေလည်း ရောက်ရှိ လာသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကြောင့် ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် လွတ်မြောက်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မန်းတလေးတိုင်းက အမျိုးသားးဒီမိုကရေစီအဖွဲံ့ချုပ် စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြ ပြန်လွတ်တယ်လို့ သိရတယ်..

မန်းတလေးတိုင်းက အမျိုးသားးဒီမိုကရေစီအဖွဲံ့ချုပ
် စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြ ပြန်လွတ်တယ်လို့ သိရတယ်..

အရှင်ဂမ္ဘီရ မြောင်မြထောင်မှ

အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။

"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တော့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။ " ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွှတ်မြောက်မည်ဟု သိရသည်။