Wednesday, July 14, 2010

နမ့်ခမ်းမြို့နယ်တွင် ကျောင်းကော်မတီခန့် ဆရာဆရာမများ ခေါ်ယူ

၂ဝ၁ဝခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှစ၍ နမ့်ခမ်းမြို့တွင် ၁ဝတန်အောင်ပြီးကျောင်းသူ၊ ကျောင်းသားများကို ကျောင်းကော်မတီမှခေါ်ယူခန့်အပ်သော ကျောင်းဆရာကော်မတီခန့်အဖြစ် ဆရာဦးထွန်အောင်နှင့် ဦးညီကျော်မြတ်တို့က ဦးဆောင်ပြီး ကောက်ခံနေပါသည်၊၊ ရွေးချယ်ခံရသော ကျောင်းဆရာ၊ ဆရာမများသည် နမ့်ခမ်းမြို့နယ် ကျောင်းအတွက်မဟုတ်ဘဲ လောက်ကိုင်မြို့အတွက်ဖြစ်သည်ဟု သိရရှိရပါသည်။


နမ့်ခမ်းမြို့နယ်တွင် ဆရာဦးထွန်းအောင်နှင့် ဆရာဦးကျော်မြတ်တို့မှ ဦးဆောင်ကာ ဆန်တန်းအောင်ပြီး အလုပ်အကိုင်မရှိသော ကျောင်းသူကျောင်းသားဟောင်းများအနေနှင့် ကျောင်းကော်မတီခန့် ကျောင်းဆရာ၊ ဆရာမများအဖြစ် အလုပ်လျှောက်ထားကြရန် ကြောညာထားပြီး လူဦးရေအယောက်၂ဝဝမျှ ခန့်အပ်သွားမည်ဟု သိရှိရပါသည်။ လစာကို ရပ်မိ၊ရပ်ဖများမှ တစ်လလျှင် ကျပ်တစ်သိန်းပေးမည်ဟု သိရှိရပြီး ကြံ့ဖွံ့အသင်းများမှလည်း အစိုးရထောက်ပံ့ကြေးဖြင့် တစ်လလျှင် ကျပ်ငွေသုံးသောင်းနှင့် ဆန်၊ ဆီ၊ ဆားတို့ကို ထောက်ပံပေးသွားမည်ဟု သိရှိရပါသည်။ သို့သော် ထောက်ပံ့မည့်လစာတစ်သိန်းသည် သေချာမှုမရှိဘဲ အလုပ်လျှောက်လာစေရန်အတွက် မက်လုံပေးထားခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

အလုပ်လျှောက်ထားသူများသည် ဗိုလ်မှူးတစ်ဦးဦး၏ ထောက်ခံချက်လက်မှတ်ပါမှသာ လက်ခံမည်ဟုလည်း ပြောထားပါသည်၊၊ အချို့သောနေရာများတွင်မူ ဗိုလ်မှူးထောက်ခံစာ မပါဘဲနှင့်လည်း လျှောက်နိုင်သည်ဟု သိရှိရပါသည်။ ယခုလက်ရှိ မည်သည့် ဗိုလ်မှူးထောက်ခံစာမျှမပါပဲ နမ့်ခမ်းမြို့နယ်မှ လေးဆယ်နှစ်ယောက်၊ စယ်လန့်မှ နှစ်ယောက်၊ စုစုပေါင်း လေးဆယ့်လေးယောက် ရွေးချယ်ထားခြင်းခံရသည်ဟု သိရှိရပါသည်။

“သတင်းကတော့ အမျိုးမျိုးပဲ ကြားနေရပါတယ်။ အခု နမ့်ခမ်းမှာ လေးဆယ်နှစ်ယောက်ရွေးချယ် သွားကတော့ ဘယ်ဗိုလ်မှူးမှ ထောက်ခံစရာမလိုဘူး။ တချို့ကျတော့ ဗိုလ်မှူးတွေရဲ့ ထောက်ခံစာ လိုအပ်တယ်လို့ ပြောကြတယ်” ဟု ဒေသခံတစ်ဦး ပြောပြသွားခဲ့ပါသည်။

ဒေသခံများသည် ကျောင်းဆရာ၊ ဆရာမ လျှောက်သည့်အပေါ်တွင် စိုးရိမ်မကင်းဖြစ်နေကြသည်။ ကျောင်းကော်မတီ ဆရာ၊ ဆရာမများသည် နမ့်ခမ်းမြို့နယ်အတွက်မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်မြို့တော်ဖြစ်သော လောက်ကိုင်မြို့အတွက် ဖြစ်ပါသည်။ ဘာကြောင့် လောင်ကိုင်မြို့ကို ကျောင်းဆရာ၊ ဆရာမ လူဦးရေ ၂ဝဝမျှ ခန့်အပ်ရသည်ကို ဒေသခံများ စိတ်ဝင်စားကြပြီး အချို့အလုပ်လျှောက်လာသော ဆရာ၊ ဆရာမများ လောက်ကိုင်မြို့တွင် တာဝန်ကျမည်ကိုလည်း မသိချေ။ ထိုအခြေအနေမျိုးတွင် နိုင်ငံရေးအနေလည်းမကောင်းသည့်အတွက်ကြောင့် အလုပ်လျှောက်လာသူများကို စစ်တပ်ထဲသွင်းပြီး စစ်တိုက်ခိုက်မှာမည်ကိုလည်း စိုးရိမ်နေကြပါသည်။

“အခု လျှောက်ခိုင်တဲ့ဆရာ၊ ဆရာမတွေကို လောက်ကိုင်ဘက်မှာ တာဝန်ပေးမယ်လို့ပြောတယ်။ ဘာကြောင့် လောက်ကိုင်ဘက်ကို ဆရာ၊ ဆရာမတွေ အများကြီး ပို့လည်းဆိုတာ နားမလည်ကြဘူး။ လောက်ကိုင် ၂ဝဝ၉ခုနှစ်တုန်းက ကိုးကန့်စစ်ပွဲဖြစ်ထားတယ်ဆိုတော့ စိုးရိမ်စရာတော့ ရှိတယ်” ဟု ဒေသခံတစ်ဦးမှ ပြောပြသွားခဲ့ပါသည်။

အခြား ဒေသခံတဦးကမှ “ကျနော် ညီမလေးကိုတော့ ဒီအလုပ်မလျှောက်ခိုင်ဘူး။ တော်ကြာ ဘော်ပင်မကိုင်ရဘဲ သေနတ်ပေးကိုင်ပြီး စစ်တိုက်ခိုင်းမှာ စိုးရိမ်တယ်၊၊ အခုနိုင်ငံရေးအခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး။ ပြီးတော့လည်း စစ်ဗိုလ်တွေရဲ့ ထောက်ခံချက်ရမှသာ လက်ခံမယ်ဆိုတော့ စစ်သားပဲ လုပ်ခိုင်မှာ သေချာတယ်။ စီးပွားရေး ကြပ်တည်းနေတဲ့ကြားမှာ လစာကို မက်မောပြီး အလုပ်လျှောက်ကြမှာ သေချာတယ်”

0 comments: