Thursday, January 12, 2012

အရှင်ဂမ္ဘီရ မြောင်မြထောင်မှ

အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။

"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တော့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။ " ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွှတ်မြောက်မည်ဟု သိရသည်။

0 comments: