Monday, January 16, 2012

ကြံ့ဖွံ့စစ်တပ်နှင့် ပန်ဆေးပြည်သူ့စစ်တို့ ပလောင်ရွာသားများ၏ ပစ္စည်းဥစ္စာလုယက်ပြီး ရွာသားတဦးကိုသတ်ဖြတ်

သတင်းထုတ်ပြန်ချက် ၁၅ ရက် ဇန်န၀ါရီလ ၂၀၁၂ ခုနှစ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် မြန်မာစစ်တပ် ခမရ ၅၀၇ မှ ဗိုလ်မှူးမြတ်ထွန်းလင်း ဦးဆောင်သော အင်အား ၂၀ ကျော်နှင့် ပန်ဆေး ပြည်သူ့စစ်မှ ကျန်းလူနှင့်ကျန်ကွေရှင်း ဦးဆောင်သော အင်အား ၆၀ ခန့် စုစုပေါင်းအင်အား ၈၀ကျော်တို့သည် နမ့်ခမ်းမြို့နယ...်၊ မိုင်းဝီး-ကျယ်နေးအုပ်စုရှိ ဖားပြန့်ရွာသို့လက်နက်အင်အားဖြင့် ၀င်ရောက်ကာ ငွေ၊ လက်ဝတ်ရတနာများ၊ စားသောက်ဖွယ်ရာများ အတင်းအဓမ္မလုယက်ယူငင်ပြီး ရွာသားတဦးကို ညင်းပမ်းနှိပ်စက်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုအင်အား ၈၀ ကျော်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့တို့သည် ဖားပြန့်ရွာအတွင်းသို့ဝင်ရောက်လ
ာပြီး ကျေးရွာရှိ အိမ်များမှ ငွေ၊ လက်ဝတ်ရတနာများ၊ ကြက်၊ နွား အစရှိသည့်စားသောက်ဖွယ်ရာရိက္ခာများ စုစုပေါင်းခန့်မှန်းခြေ ကျပ်ငွေသိန်း ၃၀ ခန့်အတင်းအဓမ္မ လုယက်ယူငင်ခြဲ့ကပါသည်။

ထိုကဲ့သို့ ရွာသားများ၏အိမ်ထဲသို့ဝင်ရောက်လ
ုယက်ကြစဉ် မိုင်းဝီးအရံပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ အိုက်ထဲတ်နိုင် ကိုဖမ်းဆီးပြီး အမျိုးမျိုးညင်းပမ်းရိုက်နှက်ခဲ့သည်။ အိုက်ထဲတ်နိုင်ကို သတင်းပေးသူဟုစွပ်စွဲကာ ရွာထိပ်သို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်လိုက်သောကြောင့်ခါးတွင်ထိမှန်သွားပြီး၊ ထိုရွာထိပ်ရှိ ဦးအိုက်ကော၏ အိမ်တွင် ၄ ရက်နေ့မနက် ၄ နာရီခန့်၌ သေဆုံးသွားခ့သဲ ည်ဟု ထိုရွာသားပြောပြချက်အရ သိရှိရပါသည်

ထိုနောက် လုယက်၍ရရှိသော စားသောက်ဖွယ်ရာပစ္စည်းများကို ပန်ဆေးပြည်သူ့စစ်၏ စခန်းတခုဖြစ်သည့် ၀ါရော့စခန်း သို့ ထိုဖားပြန့်ရွာသားများကို သယ်ဆောင်ပို့ခိုင်းသည်ဟု ထိုရွာသားကပြောပြပါသည်။

“သတင်းတွေထဲမှာ ပန်ဆေးပြည်သူ့စစ်က မူးယစ်ဆေးဝါးတွေရောင်းဝယ်နေတ့ဟဲ
ာတွေ သတင်းတက်နေတာ ပလောင်ရွာသားတွေပဲဖြစ်မယ်ဆိုပြီး အခုလို ကျနော်တို့ပလောင်ရွာကို လာရောက်နှိပ်စက်ပညာပေးတာဖြစ်တယ်လို့ ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင်တယောက်ကပြောတယ်” ဟု နမ့်ခမ်းဒေသခံတဦးကပြောပြပါသည်။

ပန်ဆေးပြည်သူ့စစ်သည် နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသတွင်အခြေစိုက်ပြီး ခေါင်းဆောင်ဖြစ်သူ ပန်ဆေးကျော်မြင့် သည် ၂၀၁၀ရွေးကောက်ပွဲတွင် မသမာသည့်နည်းလမ်းဖြင့်မဲများ ရယူ
ကာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်တဦး ဖြစ်လာသည်။ ပန်ဆေးပြည်သူ့စစ်သည် လက်နက်ကိုင်အင်အားဖြင့် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူချက်ခြင်း၊ ရာမစိတ်ကြွဆေး ထုတ်လုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတို့ပြုလုပ်နေသည်ဟု ဒေသခံပြည်သူအများက သိရှိထားကြသည်။


ပိုမိုသိရှိလိုပါက- (၆၆) ၀၈၀ ၁၂၇ ၂၅၄၈ သို့ဆက်သွယ်ပါ။

0 comments: