Thursday, January 12, 2012

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်က သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း၏ ကား အပါအဝင် ရဲမှူးကြီးများ၏ ကားအချို့ ရောက်ရှိလာသည်ကို တွေ့ရပြီး အလားတူ ဒေါက်တာခင်ရွှေလည်း ရောက်ရှိ လာသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကြောင့် ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် လွတ်မြောက်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

0 comments: