Wednesday, November 10, 2010

အချစ်များ ဖန်ဆင်းရှင်

ပန်ဆင် ငါ့အချစ်
ရင်မှာ သိမ်းထား
မျက်ရည် နှင်ထုတ်
ငါ့အတွက် နင်
နင့်အတွက် ငါ
ထာဝရဖြစ်ချင်. . .
ရှောင်လွှဲပါရစေ
ကွာဝေးခြင်း
အနည်းအကျဉ်းတောင် မယိုဖိတ်လာနဲ့
မကြုံ မဆုံချင်. . .
ပေးဆပ် ယုယ
တန်ဖိုးထား
ငါ့အသက် တစ်ရက်ကြီးတိုင်း
ပိုပို ချစ်မိလာ
ငါ့အတွက် နင်
အချစ်များ ဖန်ဆင်းရှင်
ယုံပါ ချစ်သူရယ်
ဒီတစ်သက် ငါ
နင်နဲ့မဝေးချင်.-။

မိုင်းစကိုင်း..

0 comments: