Wednesday, November 10, 2010

ချစ်သူဆိုတာ

တစ်ခါတစ်လေမှာချစ်သူပေးတဲ့
အကြင်နာတရားတွေကြောင့်
ငါ့ရင်ခွင်ထဲနွေးထွေးခဲ့ရတယ်။
တစ်ခါတစ်လေမှာတော့ချစ်သူပြောတဲ့
ချစ်စကားလေးတွေကြောင့်
နှလုံးသားအစုံမှာလှိုက်ဖိုခဲ့ရတယ်။
တစ်ခါတစ်လေကျပြန်တော့ချစ်သူပေးတဲ့
အကြင်နာအနမ်းလေးတွေကို
ငတ်မွတ်စွာနမ်းရှိုက်နေခဲ့တယ်။
တစ်ခါတစ်လေချစ်သူပြောတဲ့
စကားလေးတွေကြောင့်
ဝမ်းနည်းဝမ်းသာခံစားရတယ်။
တစ်ခါတစ်လေကျပြန်တော့ချစ်သူက
ဥပေက္ခာတရားနဲ့ ပစ်ထားတော့
ဝမ်းနည်းတဲ့စိတ်အစဉ်နဲ့ 
စိတ်မကောင်းဖြစ်မိတယ်။
ဘာပဲပြောပြောချစ်သူဆိုတာ
ငါ့အတွက်တော့............
ငါ့ရင်ကိုအေးမြစေခဲ့
ငွေစန္ဒာလမင်းပါ။

မိုင်းစကိုင်း

0 comments: