Wednesday, November 10, 2010

အရမ်းချစ်တယ်

တစ်ခေါက်တွေ့ရုံ
တစ်သက်မမေ့
နူးညံ့တဲ့မျက်ဝန်း
စိတ်သဘောထားကောင်းခြင်းကိုပဲဖော်ပြနေရော့သလား. . .
စကားအပြောနည်း
ရှက်ရွံ့ဟန် အသည်းယားစဖွယ်
မြင်ဖူးရုံနဲ့ကြင်နာချင်ခဲ့ပြီ. . .
အိမ်အပြန်လမ်း
စိုစွတ်တဲ့နှလုံးသားခြောက်သွေ့
ကားခုံပေါ်မှာထိုင်ရင်း
အတွေးတွေ တရွေ့ရွေ့
နင့်ကိုပဲတွေးတွေးမိနေတယ်. . .
မိန်းကလေးတိုင်းကို
သုံးနေကျမဟုတ်တဲ့
စကားတစ်ခွန်း
စကြာဝဋ္ဌာထိကြားအောင်
အော်ပစ်လိုက်ချင်တယ်
"အရမ်းချစ်တယ်". . .။ ။

မိုင်းစကိုင်း ...

0 comments: