Sunday, November 14, 2010

တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး

12 နာရီ 33 မိနစ် - မြန်မာစံတော်ချိန်

၇ နှစ်အကြာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နေအိမ်အပြင်ဘက်ထွက် လူထုစကားပြောမှုကို လာရောက်နားထောင်သူဟာ အနည်းဆုံး ၄ သောင်းကျော်မယ်လို့ သွားရောက် နားထောင်နေတဲ့ မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။

လူအုပ်ကြီးက “တိုးပေါက်လို့မလွယ်အောင် ပြည့်ညှပ်ကြပ်နေတယ်” လို့ သတင်းထောက် တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ မိန်းခွန်းထဲက ကောက်နှုတ်ချက်တချို့ကို ထပ်မံတင်ပြရရင်

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

“ ပြည်သူ့လုပ်အားတဲ့ အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”

0 comments: