Tuesday, December 11, 2012

တအာင်း၊ ကချင် စုပေါင်းတပ်နှင့် မြန်မာတပ် ခလရ ၃၂၄ တိုက်ပွဲဖြစ်

 
 KIA တပ်ရင်း (၈) လက်အောက်ခံ ကချင်ပြည်သူ့စစ်-မဟဟ နှင့် TNLA တပ်ရင်း(၁၁၂) တို့၏ စုပေါင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၃၂၄၊ တို့သည် ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီခွဲ ခန့်မှစတင်၍ ကွတ်ခိုင်မြို့နယ် လွယ်ဝန်းရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်
မွန်းလွဲ ၁ နာရီထိတိုင်အောင် လက်နက်ကြီး လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်လျှက်ရှိပြီး ၁ နာရီခွဲခန့်အချိန်တွင် မြန်မာစစ်တပ်ဘက်က တပ်ဆုတ်သွားသဖြင့် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု တအာင်းတပ်မှူး တဦးက ပြောပြပါသည်။ တိုင်းရင်းသားတပ်ပေါင်းစုဘက်မှ ထိခိုက်မှုမရှိဟု ထိုတပ်မှူးကပြောပြပြီး မြန်မာဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးချေ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မေးမြန်းလိုပါက tnla.pslf@gmail.com နဲ့ tealand@gmail.com ဆက်သွယ်နိုင်ပါသည်။

0 comments: