Tuesday, December 11, 2012

တအာင်း၊ ကချင် စုပေါင်းတပ်နှင့် တရုတ်သစ်ကုန်သည်ကို ကာကွယ်ပေးသည့် မြန်မာတပ် တိုက်ပွဲဖြစ်

KIA တပ်ရင်း (၈) နှင့် TNLA တပ်ရင်း(၁၁၂) တို့၏ စုပေါင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁၊ ခလရ ၁၃၀ တို့သည် ယနေ့ ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီ ခန့်မှစတင်၍ နမ့်ခမ်းမြို့နယ် သာပန်းကုန်းရှောက်ပန်းကုန်းတောင်တွင် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။

 
 
ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့မှ တအာင်းဒေသတွင်း လွယ်လွန်း၊ လွယ်ဆောင်၊ ဆင်ခေါင်းတောင် ရှိ ဒေသသစ်များ ခိုးထုတ်နေသည်ကို တအာင်း၊ ကချင်တပ်ဖွဲ့တို့ သွားရောက်တားမြစ် ဖမ်းဆီးစဉ် ထိုပြည်သူ့စစ် တရုတ်သစ်ကုန်သည်များအား အကာအကွယ်ပေးနေသည့် မြန်မာတပ်ဖွဲ့တို့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ တိုက်ပွဲဖြစ်နေသည်ဟု တအာင်းတပ်မှူး တဦးက ပြောပြပါသည်။
 
 
မွန်းလွဲ ၂ နာရီထိတိုင်အောင် လက်နက်ကြီးပစ်ခတ်သံများ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရသည်ဟု ဂျုံနော် ရွာသားတဦးက ပြောပြပါသည်။ နှစ်ဘက်ပစ်ခတ်မှုများမှာ ဆက်လက်ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု ကို မသိရှိရသေးချေ။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မေးမြန်းလိုပါက tnla.pslf@gmail.com နဲ့ tealand@gmail.com ဆက်သွယ်နိုင်ပါသည်။

0 comments: