Saturday, December 8, 2012

ဒုရဲအုပ်၊ပြည်သူ့စစ်နှင့်ရွာလူကြီးများပေါင်းပြီး ရွာတွင်းမူးယစ်ဆေးဝါး လွပ်လပ်စွာရောင်းဝယ်ခွင့်ပြုနေ

တရုတ်-မြန်မာနယ်စပ်ရှိ နမ်းခမ်းမြို့နယ်၊မန်စပ်အုပ်စု၊မန်ပူးကျေးရွာတွင် ရွာခံပြည်သူ့စစ်ခေါင်းဆောင် ဦးအညမ်းဘ၊ ဒုရဲအုပ်နှင့်ရွာဥက္ကဌ ကွန်ယေခင် (ခေါ်) ဦးအညမ်းထွန်း ၊ ရွာစားရေး ဦးအယေးဘ တို့သည် အချင်းချင်းနာလည်မှုယူပြီး ဘိန်းရောင်းသူများထံ လာဘ်လာဘယူကာ ရွာအတွင်း ဘိန်း၊ရာဘဆေးပြားနှင့် ဘိန်းဖြူများကို လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှ ယနေ့အချိန်ထိ လွပ်လပ်စွာရောင်းဝယ်ခွင့် ပြုထားနေပါသည်။ မန်ပူးကျေးရွာသည် အိမ်ခြေ ၂၇၀ရှိပြီး ဘိန်းစွဲနေသည့် ဦးရေမှာ အနည်းဆုံး နှစ်ရာ အထက်ရှိသည်။ ရွာတွင်း ဘိန်းဖြူ၊ရာဘဆေးပြားနှင့်ဘိန်းမဲရောင်းနေသည့်အိမ် (၁၀) အိမ်ရှိပြီး ဘိန်းများကို ၄င်းအိမ်ဆိုင်များတွင် လွပ်လပ်စွာရောင်းဝယ်စားသုံးနိုင်ပါသည်။ ''ဒီလက်ရှိ ရွာဥက္ကဌ တတ်လာကတည်းက ရွာမှာဖြစ်ချင်တိုင်းကို ဖြစ်နေတာဗျ၊ အခုဆိုရင် နေ့နေ့ညည အိမ်တိုင်း အိမ်စောင့်ထားနေရတယ်၊ အိမ်စောင့်မရှိဖူးဆိုရင် ရွာထဲမှာ ဘိန်းသမားတွေက တန်းဖိုးရှိသည့် ပစ္စည်းသာမက ဆန်၊ဆီ၊ ဆား၊ အိုးခွက် နှင့် ထင်းခုတ်ဓားပါ မကျန်ခိုးတော့တာပဲ'' မန်ပူးဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။ '' နေ့ရောညပါ လစ်ရင်လစ်သလို အိမ်ထဲကို ၀င်မွှေပြီးခိုးသွားကြတော့တာပါပဲ၊ သူခိုးတွေကိုလည်း ရွာကော်မတီတွေ၊ ရွာမှာရှိတဲ့ရဲတွေ၊ ရွာခံပြည့်သူ့စစ်တွေ တခါမှ အရေးယူခဲ့တာမရှိဖူး၊ သူတို့အချင်းချင်းကြား အပေးအယူများလုပ်ထားတယ်လို့တောင် ထင်ရတယ်'' လို့ မန်ပူးရွာ ဥက္ကဌဟောင်းတစ်ဦးက ဆိုပါသည်။ မန်ပူးရွာတွင် နိုင်ငံတော်အစိုးရမှ ဖွဲ့ပေးထားသည့် ရွာခံပြည်သူ့စစ်များ အင်အား အရင်က ၃၀ ဦးခန့်ရှိပြီး ဘိန်းစားများဖြစ်ကုန်လာကြသည့်အတွက် အခုခါတွင် အင်အားလျော့နည်းကာ ၁၀ ဦးကျော်သာ ကျန်ရှိတော့ သည်။ သို့သော် အစိုးရမှ တပ်ဆင်ပေးထားသည့် လက်နက် ၃၀ နီးပါးရှိနေသည့်အရှိန်ကြောင့် ပြည်သူ့စစ်ခေါင်းဆောင်မှာ ကျေးရွာအပေါ်သြဇာလွမ်းမိုးနေသည်ဟု သိရသည်။ ပြည်သူ့စစ်သာမက နမ်းခမ်းရဲစခန်းမှ စေလွှတ်ထားသည့် ဒု-ရဲအုပ်ဦးဆောင်သော ရဲတပ်သား (၅)ဦးလည်း ရွာတွင် အမြဲတမ်း အခြေစိုက်ထားပါသည်။် ရွာကော်မတီအဖွဲ့၊ ပြည့်သူ့စစ်အဖွဲ့၊ ရဲတပ်ဖွဲ့များရှိနေသော်လည်း ဘိန်းရောင်းသူများထံ လာဘ်ယူခြင်း၊ သူခိုးဘိန်းစားများကို အရေးမယူပဲထားခြင်းကြောင့် မန်ပူးရွာတွင် ဘိန်းရောင်းသူများ၊ဘိန်းသမားများနှင့် သူခိုးများက လွပ်လွပ်လပ်လပ် လုပ်ချင်သလိုပြုလုပ်နေနိုင်ပါသည်။ ဤရက်တွင်းမှာပင် မန်းပူးရွာနေ အမောင်ဂျာ ဆိုသူ ဘိန်းစားသည် ရွာဝန်းကျင်အတွင်း ဂတ်စ်ပိုက်လိုင်း တည်ဆောက်နေသာ CNPC ၀န်ထမ်းအဖွဲ့၏ ကွန်ပြူတာ တစ်လုံးကို ခိုးယူခဲ့ပြီး ဘိန်းစားအယေဂျာ သည်လည်း ထိုအဖွဲ့သားများ၏ နာရီနှင့် စကားပြောစက်ကိုခိုးယူခဲ့သည်။ ထိုသည်သာမက မန်းပူးရွာအတွင်း ဖြတ်သန်းသွားသော မီးသွေးတင်ကားများ၊ထော်လာဂျီများ ဖြတ်သွားသည့်အခါတွင်လည်း မီးသွေးအိပ်များကို ဆွဲချကာခိုးယူနေသည်။ နမ်းခမ်းမှ မိုင်းဝီးဈေးသို့ ဈေးသွားရောင်းသော ဈေသည်ကားများကိုလည်း လစ်သည်နှင့်ကားပေါ်သို့ ခုန်တတ်ကာ မုန့်ပုံးများ ငါးသေတ္တာဖာများကို မကြာခဏ ခိုးယူနေသည်ဟု လည်းသိရသည်။ သို့ကဲသို့ဖြစ်နေပါသော်လည်း တာဝန်ရှိသူများသည် ယနေ့ အချိန်ထိ မည့်သည့်အရေးမှုမရှိခဲ့သည့်အပြင် ရွာဥက္ကဌ နှင့် ရွာစာရေးတို့အပါဝင် ရွာတွင်း အခြေစိုက်သည့် ဒု-ရဲအုပ်နှင့်အဖွဲ့လည်း ဘိန်းစွဲနေကြသည့် ဘိန်းသမားများသာ ဖြစ်နေသည်။ ရွာသားများအနေဖြင့် ပစ္စည်းများ၊ကျွဲ၊နွားများ မကြာခဏ အခိုးခံရနေရပေမဲ့ ရွာမှာ တာဝန်ရှိတဲ့သူတွေကို သွားတိုင်တဲ့အခါမှာ မည့်သည့်အခါ အရေးယူပေးခြင်းမရှိသည့်အတွက် အားကိုးရာမဲ့ဖြစ်နေကာ နေ့ရောညပါ အိမ်စောင့်တစ်ဦးစီထားနေကြရသည်။ နမ်းခမ်းမြို့နယ်၊မန်စပ်အုပ်စု၊မန်းပူးရွာအတွင်း ဘိန်းရောင်းနေသူများမှာ - ဦးအလေ၀်းဆွေ၊ ဦးအငါးလိုင်၊ ဒေါ်ရွေဟန်၊ ဒေါ်မားတေ့၊ မအိုင်မန်၊ ဒေါ်မြကန့်၊ ဦးအလေ၀်းမန်၊ဦးကွန်းယေလှအောင်၊ ဦးထေးသီးညမ်းမိုင် နှင့်ဒေါ်ယေလှအောင်-တို့ဖြစ်သည်။

0 comments: