ပည်သူ့စစ်ဖွဲ့စည်းရေးတွင် ကချင်လူထုတရပ်လုံး ပါဝင်အမှုထမ်းကြရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
ပြည်သူ့စစ် ဖွဲ့စည်းရေး လူထုရှင်းလင်းပွဲတရပ်ကို KIO ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ဖုန်မိုင်ခန်းမ၌ ပြုလုပ်ရာ KIO လက်နက်ကိုင်တပ် KIA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်သျှောင်နှင့် နယ်ဘက် အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ခံ ဦးလဂျောင်ခေါင်လွဏ်းက ဦးဆောင်ကာ တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KIO၏ တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့် ပူးတွဲကာ စစ်ရေးလမ်းစဉ်ကို ချမှတ်ထားကြောင်း KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန် ဂမ်သျှောင်ပြော
မနက်ပိုင်းတွင် KIA တပ်ဖွဲ့ဝင် ၁၃ဝဝ ကျော် တက်ရောက်သော ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့ ၀ုန်ရလောတ် WungRawt ခန်းမ၌ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၁၄ဝဝ ကျော် တက်ရောက်ခဲ့သည်။

လိုင်ဇာမြို့ ၀ုန်ရလောတ် WungRawt ခန်းမ၌ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၁၄၀၀ ကျော် တက်ရောက်
KIO ပြည်သူ့စစ်တပ်ဖွဲ့များကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖွဲ့စည်းထားပြီး လူအင်အား ၇ဝဝဝ နီးပါးရှိကာ၊ KIA တပ်ရင်း ၁၅ ခု ရှိကြောင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအတွက် KIA တပ်မတော်ကိုသာ အဓိက အသုံးပြုမည်ဖြစ်ပြီး၊ ပြည်သူ့စစ်တပ်ဖွဲ့ကိုမူ အရန်စစ်တပ်အင်အားအတွက် အသုံးပြုမည်ဟု ပြောဆိုကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူ KIO အရာရှိက ပြောဆိုသည်။
၂ဝဝ၉ ခုနှစ်မှစ၍ ပြည်သူ့စစ်မဟာဗျူဟာကို စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ကချင်တမျိုးသားလုံး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်အတွက် KIO သည် ၁၉၆၁ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
Sources- Mizzima http://www.mizzimaburmese.com/news/inside-burma/6944---kio-.html
0 comments:
Post a Comment