Wednesday, February 16, 2011

အတ္တ=အသိ

မနက်မိုးလင်းတိုင်းဘဲ

လိုအင်များစွာအတွက် ပူပန်ခဲ့ရ

အပူများစွာအတွက် သောကရောက်ရနဲ့ 

သံသရာလည်နေတဲ့ ဒီလူဘုံထဲ

အတ္တ စေညွန်ရာကို လိုက်ပါလို့ 

ဒီလိုအခြေအနေတွေကြားမှာ

မင်း ဘယ်လောက်သိသလဲ မေးရင်

ဘာမှမသိဘူး ဖြေမယ့်အစား

နည်းနည်းသိတယ်လို့ ဖြေမိပါရဲ့

(တကယ်လည်း နည်းနည်းသိသလို)

ဘာသိသလဲလို့ ထပ်မေးရင်

အဖြေက စမ်းတ၀ါးဝါး

ဘာမှမသိတာကို မသိပါဘူးလို့ 

သိနေတယ် ဆိုရင်ဘဲ

ဒါဟာ သိခြင်းတစ်မျိုးမှန်းသိရင်

အစကတည်းက ဘာမှမသိပါဘူး--။

မိုင်းစကိုင်း

0 comments: