စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရမှ ဧရာဝတီ မြစ်၏ အဓိကမြစ်လက်တက်တခုဖြစ်သော ရွှေလီမြစ်ပေါ် တွင် တည်ဆောက်နေဆဲဖြစ်သည့် ကြီးမားသော ရွှေလီရေကာတာ နှစ်ခုသည် ဒေသခံပြည်သူ (၃၀၀၀) ကျော်ကို အတင်းအဓမ္မ နေရာရွေ့ပြောင်းခြင်းနှင့် ဒေသခံပြည်သူ ၁၅၀၀၀ အပေါ် တိုက်ရိုက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဟု ဒေသခံများ သုတေသနပြုခဲ့သည့် ယနေ့ထုတ်ဝေသော အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။
ထိန်းချုပ်မှုအောက်ကမြစ်ရွှေလီ အစီရင်ခံစာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်၏ စောင့်ကြပ်မှုအောက်၌ တည်ဆောက်နေသော ရွှေလီရေကာတာ ၂ ခုကြောင့် တောင်သူလယ်သမားများ မည်ကဲ့သို့လယ်ယာမြေ သိမ်းပိုက်ခံရသည်၊ မည်ကဲ့သို့ လမ်းများ ဖောက်လုပ်နေရသည် အစရှိသည်တို့ကို စစ်တမ်းကောက်ခံပြီး အသေးစိပ်ရှင်းတင်ပြထားပါသည်။ ထိုရေကာတာမှထွက်ရှိမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ထိုဒေသ၌ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခ အရှိန် ပြင်းထန်နေပြီး ရေကာတာလုံခြုံရေးအတွက် စစ်သားများစွာနေရာ ယူထားပါသည်။ လွန်ခဲ့သော ဇွန်လက အပေါ်ပိုင်းရှိ ရေကာတာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် အလုပ်သမားများ ယာယီထွက်ခွာရန် ခိုင်းစေခဲ့ပါသည်။
ရေကာတာသစ်များသည် ရွှေလီမြစ်ကြီးကို ပိတ်ဆို့တားဆီးမည့် အစိပ်အပိုင်းလုပ်ငန်းစဉ်များ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဆောက် လုပ်ပြီးခဲ့သော ရေကာတာအမှတ်(၁)တွင် လျှပ်စစ်ဓါတ်အား အသုံးပြုခွင့်မရသော ဒေသခံတအာင်းလူထုတို့အား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ထူးကဲစွာ တပ်စခန်းချပြီးစစ်ပုံစံအတင်းသွတ်သွင်းခြင်းတို့ပြုလုပ်ခဲ့သည်။ ရေကာတာ အမှတ်(၂) နှင့် (၃)သည် လက်ဖက်ခြံမြေ၊ စပါးစိုက်ခင်းနှင့် သစ်တော စုစုပေါင်း ဧက ၃၀၀၀၀ ကျော်ကို ရေလွှမ်းစေမည် ဖြစ်သည်။ ရေကာတာ အမှတ်(၃) အတွက် ကျေးရွာ ၅ ရွာမှာ အတင်းအဓမ္မပြောင်းရွေ့ရန် အမိန့်ချ မှတ်ပြီးဖြစ်သည်။
ပြည်သူလူထုစိုးရိမ်ကြောင့်ကျမှုများ မြင့်တက်လာခြင်းကြောင့် ဧရာဝတီမြစ်ပေါ်ရှိ ရေကာတာများ၏ ဆိုးကျိုးကို ကိုင်တွယ်ဖြေရှင်းမည်ဟု မြန်မာအစိုးရမှကတိပြုခဲ့သော်လည်း၊ ရွှေလီရေကာတာများ အတွက်မူ မီဒီယာများတွင် လစ်လျူရူခံနေရဆဲဖြစ်သည်။
“မြန်မာအစိုးရသစ်ဟာ ရှေ့တမျိုးနောက်တမျိုးနဲ့ မျက်နှာနှစ်ခုလုပ်ပြီး ဧရာဝတီမြစ်လက်တက်တွေကို တရုတ်ဆီရောင်းရင်း ဧရာဝတီမြစ် ကြီးကို ကာကွယ်စောင့်ရှောက်မဲ့ဟန်ပြနေတယ်” ဟု TSYOမှ မိုင်းအောင်ကို ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ဟူနန်ရေအားလျှပ်စစ်ဓါတ်အားအုပ်စုမှ ရွှေလီရေကာတာ အမှတ်(၂)ကို တည်ဆောက်-လည်ပတ်-လွှဲပြောင်းမှု ပြုလုပ်ရန် သဘောတူညီချက်လက်မှတ်ထိုးပြီးဖြစ်ပြီး၊ ဆွီစ်ဇီလန်မှ Swiss Colenco Power Engineering မှာ ရေကာတာ အမှတ် (၃) တွင် ပါဝင်မည်ဖြစ်သည်။ ထိုကုမ္ပဏီများ သည် ဒေသခံပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိသေးချေ။ တိုင်းရင်းသားဒေသရှိ လူ့အခွင့် အရေးချိုးဖောက်မှုများမှာ မြန်မာပြည်တွင်းစစ်မီးကိုပိုမိုတောက်လောင်စေပါသည်။
“နိုင်ငံခြားကနေလာပြီး ရေကာတာဆောက်လုပ်သူတွေဟာ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ စစ်မီးကို အလေးထားဂရုပြုပြီး ရင်းနှီး မြုပ်နှံမှုတွေကို ချက်ချင်းပြန်ရုပ်သိမ်းသင့်ပါတယ်” ဟု TSYOမှ မိုင်းအောင်ကို ပြောကြားခဲ့သည်။
စစ်တပ်နောက်ခံ မြန်မာအစိုးရအနေဖြင့် ရွှေလီမြစ်ရှိတည်ဆောက်ဆဲရေကာတာများကို ရပ်ဆိုင်းရန်၊ တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရန်၊ စစ်တပ်များပြန်လည်ဆုတ်ခွာပေးရန်နှင့် ပြည်တွင်းစစ်မီးကိုအမှန်တကယ်ငြိမ်းသတ်နိုင်မည့် ပြဿနာ အရင်းအမြစ်များကို ကိုင်တွယ်ဖြေရှင်း နိုင်မည့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး မှတိုက်တွန်းတောင်းဆိုလိုက်ပါသည်။










26th of January 2011 at about 2 AM, a son of a local employer and his friends raped Lway Ei Mun, who was working in a Chinese house as a domestic worker in Theini City, quarter 3. Then, the employer gave her 20,000 kyat and sent her back to her village.