Friday, January 29, 2010

ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှုပိုများလာ

Posted By admin on January 28, 2010

ဘိုးစဉ်ဘောင်ဆက် ရိုးရာလက်ဖက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် ပလောင်တိုင်းရင်းသားများ ယခုအခါ
ဘိန်းအစားထိုး စိုက်ပျိုးမှုပိုများလာကြောင်း ပလောင်အမျိုးသမီးအဖွဲ့က Poisoned Hills အမည်ရှိ အစီရင်ခံ စာနှင့်
အတူ သတင်းစာရှင်းလင်းပွဲ တရပ်ြုပလုပ်ခဲ့ပါသည်။

“ပလောင်တိုင်းရင်းသားတွေ လက်ဘက်လုပ်ငန်းလုပ်ကိုင်လာတာ နှစ်ပေါင်းရာချီပါပြီ။ စစ်အစိုးရခေတ်မှာ လက်ဘက်
တွေ ဈေးနှိမ်ခံရတယ်။ ၄ နှစ်လောက် ရင်းနှီးပြီးမှ ခူးလို့ရတာ ဆိုတော့ ၄ လလောက်နဲ့ အလုပ်ဖြစ်တဲ့ ဘိန်းကိုလုပ်
ကိုင်လာကြတယ်။ ဘိန်းမလုပ်ရင်လဲ ၀မ်ရေးက မဖူလုံတော့ဘူး” ပလောင်အမျိုးသမီးအဖွဲ့ လွေးအေးနန်း က ပြော၏။

ထုတ် ပလောင်အမျိုးသမီးတို့၏ ‘အဆိပ်သင့်ပန်း’ အစီရင်ခံစာ

ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ FCCT
(Foreign Correspondents Club of Thailand)၌ကျင်းပသည့်
ပလောင်အမျိုးသမီးအဖွဲ့ PWO ၏ Poisoned Hills အစီရင်ခံစာ
သတင်းစာရှင်းလင်းပွဲတွင် -

၁။ နမ့်ခမ်းမြို့နယ် နှင့် မန်တုံ မြို့နယ်အတွင်း ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ
ဘိန်းစိုက်ဟက်တာ ၅ ဆ တိုး လာကြောင်း၊၂၀၀၆-၀၇ တွင် ဘိန်းစိုက်
ဟက်တာ ၉၆၄ သာရှိပြီး ၂၀၀၉ တွင် ၄၅၄၉ ဟက်တာအထိ တိုးလာ
ကြောင်း၊

၂။ ယခင် အပစ်ရပ် PSLO ပလောင်အဖွဲ့ အတင်းလက်နက်ချမခံရမီ
ကာလများနှင့် နှိုင်းစာလျှင် စစ် အစိုးရစစ်တပ် အောက်ခြေအဆင့် တပ်
ရင်းဝင်ငွေအတွက် ဘိန်းခြံ ခွန်ကောက်၍ ဒေသခံများအား ဘိန်းစိုက်
ပျိုးခွင့်ပြုထားကြောင်း၊ ၂၀၀၆-၂၀၀၇ အတွင်း ကျေးရွာ ၂၈ ရွာမှ ဘိန်
းခြံခွန် ကျပ် ၃၇ သန်း ပေးသွင်းခဲ့ရ ကြောင်း၊

၃။ ဗိုလ်ချုပ်ခင်ညွန့်ဖယ်ရှားဖြုတ်ချ ခံရပြီးနောက်ပိုင်း အပစ်ရပ်ထက်
ပြည်သူ့စစ်များက မူးယစ်/ ဘိန်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ခွင့်
လွတ်လပ်မှုပိုရှိလာကြောင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပန်းဆေးကျော်မြင့် (ယူနန် တရုတ်) အဖွဲ့မှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရနေကြောင်း။

၎။ ပလောင်တိုင်းရင်းသားများသည် ဘိုးစဉ်ဘောင်ဆက် ရှေးပဝေသဏီကတည်းက လက်ဘက်စိုက် ပျိုးရေးလုပ်ငန်း
ရိုးရာသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လာခဲ့သော်လည်း၊ ယခုအခါအဆိုပါလုပ်ငန်း စွန့်လွတ်ပြီးအချိန်တိ
အတွင်း စိုက်ပျိုးရလွယ် ပိုက်ဆံများများရသည့် ဘိန်းလုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်လာကြ ကြောင်း။

၅။ ဘိန်းစိုက်ပျိုးရေးလုပ်ငန်း လွတ်လပ်ခွင့်ပေးခြင်း/တိုးချဲ့စိုက်ပျိုးခွင့်ပေးခြင်းသည် စစ်အာဏာချဲ့ထွင်ခြင်းသာဖြစ်
ကြောင်းလည်း အဆိုပါအစီရင်ခံ၌ ဖေါ်ပြထားပါသည်။

“ပလောင်အမျိုးသမီးအဖွဲ့ပြောတဲ့ နမ့်ခမ်း နဲ့ မန်တုံ မြို့နယ်နှစ်ခုထဲ မကပါဘူး၊ စစ်အစိုးရ ထိန်းချုပ်တဲ့သျှမ်းပြည်
မြို့နယ်တော်တော်များမှာ ဘိန်းစိုက်ပျိုးမှုတိုးလာတယ်။ ရာသီဥတုအခြေနေကြောင့် အထွက်မတိုး တာဘဲ ရှိရင်ရှိမယ်။
ဥပမာ ၀ တို့ မိုင်းလားတို့ ထိန်းချုပ်တဲ့နယ်မြေထဲ ဆိုရင် ဘိန်းစိုက်ပျိုးမှုလုံးဝ မရှိတော့ဘူး၊ ဒါပေမယ့် နအဖထိန်း
ချုပ်ထားတဲ့ သံလွင်အရှေ့ခြမ်းက မော်ဖှဒေသ မက်မန်းမြို့နယ်၊ သျှမ်းပြည်တောင်ပိုင်း ပင်လုံ လွိုင်လင် နဲ့
အခြားပြည်သူ့ စစ်တွေ ထိန်းချုပ်တဲ့ ဒေသတော်များများမှာ ဘိန်းစိုက်ပျိုးမှုများလာတယ်။ ပလောင်အဖွဲ့ရဲ့
အချက် ၅ချက်ပါအစီရင် ခံစာကို ထောက်ခံတယ်”- ဟု သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် ရေးအဖွဲ့
ခေါင်းဆောင်ဦးခွန်စိုင်းက ပြောပါသည်။

ပလောင်အမျိုးသမီးများ၏ အစီရင်ခံစာပါဖေါ်ပြချက်သာဓကတခုတွင် နအဖ စစ်တပ်သည် ကျေးရွာတရွာ၌ ဘိန်းစိုက်
ဧက ၁့၅ မှ ၂ ဧက သာဖျက်ဆီးသော်လည်းအထက်သို့ ၄-၅ အထိ ဖျက်ဆီးပစ်သည်ဟု လိပ်လည် တင်ပြကြောင်း
အမှန်မှာ ၎င်းရွာတရွာတည်း ဧက ၃၀ ထက်မနည်းရှိနေကြောင်း UNODC အားလည်း ဘိန်းစိုက် ဧက ၇၀%ကျော်
ဖျက်ဆီးပစ်သည်ဟု လိမ်လည်အချက်အလက်ပေးခဲ့ကြောင်း၊ နှစ်မြို့နယ် အတွင်းတွင် ၂၀% ခန့် သာဖျက်ဆီး
ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

ပလောင်အမျိုးသမီးအဖွဲ့ PWO သည် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ပြီး ၂၀၀၇ တွင် ယခု အစီရင်ခံစာ
ကဲ့သို့ ‘အဆိပ်သင့်ပန်း’ အမည်ရ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး၊ ထိုအစီရင်ခံစာထုတ်ပြန်သော်လည်း ဘိန်းစိုက်
ပျိုးထုတ်လုပ်မှု လျော့ပါးခြင်း၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးခြင်း – မရှိသောကြောင့် Poisoned hills ‘အဆိပ်သင့်
တောင်တန်း’ အစီရင်ခံစာ ထပ်မံထုတ်ပြန်ရခြင်းဖြစ်သည်ဟု တာဝန်ရှိ ပလောင်အမျိုးသမီးများက ပြော
ကြားပါသည်။
Source By= www.mongloi.org/burmese

0 comments: