Wednesday, January 20, 2010

ကွတ်ခိုင်မြို့နယ်တွင် ရှေ့ဟောင်း ဘုရားဆင်းတုတော် တူးဖော်တွေ့ရှိ

Posted By admin on January 19, 2010

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ။ ဟိုမောနှင့် လွယ်ခွမ့် ကျေးရွာအုပ်စုအကြားရှိ လွယ်တော်တောင်တွင် ရှေ့ဟောင်း ရုပ်ပွားတော် ဆင်းတုတော်များကို ၂၀၀၉ ဒီဇင်ဘာ ၃ ရက်နေ့တွင် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်၊

တူးဖော်ရရှိသည့် ဆင်းတုတော်များအထဲ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ အပါအ၀င် စုစုပေါင်း ဆင်းတုတော် ရှစ်ဆူ တူးဖော်ရရှိခဲ့ကြောင်း သိရှိသည်၊

ပထမဦးဆုံး ဆင်းတုတော် တူးဖော်ရရှိသူ နမ့်ဖက်ကာကျေးရွာနေ အသက်(၁၄) နှစ်အရွယ်ရှိ မိုင်းညီတင်ဖြစ်ပြီး “၀” ဥ လိုက်လံတူးဖော်ရာမှ ဆင်းတုတော်များ တူးဖော်တွေ့ရှိခဲ့ကြောင်း “မိုင်းညီတင်” ပြောပြချက်အရ သိရှိရသည်၊

တူးဖော်ရရှိပြီးနောက်ပိုင်း မိုင်းညီတင်မှ သူ.မိဘများကို ပြသရာ သူ.မိဘများမှ ဆင်းတုတော် နောက်ကျောတွင် ရှေ့ဟောင်း ပုရပိုက်စာများ တွေ့ရှိသည့်အတွက်ကြောင့်မို့ ကျေးရွာလူကြီးများထံသို့ ယူသွားပြီး လူကြီးများမှ အထက်အရာရှိကြီးများထံသို့ စာရေးပို့အသိပေးခဲ့ကြောင်း သိရှိရသည်၊

လက်ရှိ တူးဖော်ရရှိသည့် ဆင်းတုတော်များနှင့် ဆက်စပ်ပြီး ရမခ တိုင်းမှူး။ လာရှိုးတပ်ရင်းမှူး။ မူဆယ်ခရိုင်မှူး။ ကွတ်ခိုင်မြို့ နယ်မှူးမှ လာရောက်လေ့လာကြည့်ရှူခဲ့ပြီး ဆက်လက်အကောင်အထည်တူးဖော်ရန် တာဝန်များ ညွန်းကြားပေးခဲ့ကြောင်း သိရှိရသည်၊

ရွာခံတစ်ဦးထံမှ သိရှိချက်အရ “ဒီကျောက်စိမ်းဆင်း တုတော်တစ်ဆူကို သုသေတန ပြုစုတဲ့ ပညာရှင် တစ်ဦးက လာရောက်ပြီး ယခုကာလ ပေါက်ဆေး ခန်းမှန်းခြေ အနည်းဆုံး အမေရိ ကန်ဒေါ်လာ သိန်း (၃၀၀) ရှိသည်ဟု ပြောဆိုခဲ့သည်၊ နောက်ပြီး စာသာက ရှေ့ခေတ် ပျူးစာနှင့် မွန်စာ အက္ခရာတွေ ပါရှိကြောင်း ဆက်လက်ပြောဆိုခဲ့သည်၊”

ဆင်းတုတော် တူးဖော်ရရှိသည့်ကျေးရွာအနီးတွင် ပလောင်လူမျိုးများနှင့် ကချင် လူမျိုးများသာ နေထိုင်ပြီး လယ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းများ လုပ်ကိုင်စားသောက်ခဲ့ပြီး ယခုအချိန်တွင် ဆင်းတုတော် ထက်မံ တူးဖော်နိုင်ဖို့ အားဏာပိုင်များမှ ကျေးရွာလူထု့များ လယ်ယာမြေအနီး ပတ်ဝန်းကျင်တစ်လျှောက် နိုင်ငံပိုင် ဆင်းတုတော် တူးဖော်ရန် နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက်ကြောင့် လက်ရှိ တောင်သူများ စားဝတ်နေရေး အခက်အခဲ ကြုံလာခဲ့ရကြောင်း သိရှိရသည်၊

ရွာခံတစ်ဦးထံမှ သိရှိချက်အရ “အားဏာပိုင် အုပ်စုများက မိုင်းညီတင်ကိုခေါ်ပြီး မင်း ဘယ်ကိုမှ မသွားရဘူး စစ်သားတွနဲ့ဘဲ အတူနေရမယ် ဆင်းတုတော်နဲ့ ပါတ်သတ်ပြီး ဘယ်သူမေးမေး ဘာမှ ပြန်မဖြေရဘူး” ပြီးတော့ လုံခြုံရေး နဲ့ပါတ်သတ်ပြီး ဆင်းတုတော်တွေ့ရှိသည့် အနီးအနားတစ်ဝိုက်တွင် စစ်သား များ.တဲကုပ်များ ဆောက်လုပ်ပြီး ညကင်းများပါ ချထားနေကြောင်း သိရှိရသည်၊

ဆင်းတုတော်ကို လာရောက် ဖူမြော်သူများနှင့် ဓါတ်ပုံ ရိုက်ရန် လာရောက်သော် သူများကိုလည်း ခွင့်မပြုဘဲ တားဆီး ပိတ်ပင့်ထားခဲ့ကြောင်း သိရှိရသည်၊

ကျောက်စိမ်းဆင်းတုတော်နှင့်ပါတ်သတ်ပြီး အားဏာပိုင်များက လာရှိုးဘက်သို့ ပင့်ဆောင်သွားရန် အစီအစဉ်ရှိပြီး လာရှိုးတိုင်းမှူးမှ ပြန်လည်မွမ်းမံရန်အတွက် ကျပ်ငွေ သိန်း (၇၀၀)နှင့် မူဆယ်ခရိုင်မှူးမှ အုတ်။ သဲ အစရှိသည့် လိုအပ် ပစ္စည်းများကို လှူဒါန်းမည်ဖြစ်ပြီး တူးဖော်ရန်အတွက် ကျန်ရှိသည့် ဆင်တုတော်များကို ၂၀၁၀ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဆက်လက်တူးဖော်မည် ဖြစ်ကြောင်း သိရှိရသည်၊

ကျေးရွာ သက်ကြီးသူ အဘိုးတစ်ဦးထံမှ သိရှိ ချက်အရ “ တူးဖော် ရရှိသည့်ဆင်းတုတော် တွေကို ပြန်လည်မွမ်းမံချင်ရင် အလှူဒါကာ ဖြစ်ချင်ရင် ငါတို့ ဒေသမှာတွေ့ရှိတဲ့ ငါတို့မြေပေါ် မှာဘဲ မွမ်းမံတည်ဆောက်ရမှာ ပေါ့ အခု မြို့ကြီးမှာ ပင့်သွားမယ်လို့ပြောတာ ဒါက လုံးဝ မတရားဘူး ဘုရားဒါကာလဲ မဟုတ်ဘူး သက်သက်မဲ့ အကြောင်းပြ ချက်ပေးပြီး ဘရားဆင်းတုတော်တွေကို ဘာလုပ်ဦးမလဲ မသိဘူး စောင့်ကြည့်ရဦးမှာပေါ့” ဟု ပြောဆိုခဲ့သည်၊

0 comments: