Friday, April 30, 2010

အတင်းအဓမ္မ စစ်သားထဲသို့ ဝင်ခိုင်း၍ ထွက်ပြေးလာသော နအဖ ပလောင်စစ်သား

၁၅ရက်-မတ်လ-၂ဝ၁ဝခုနှစ်
၂ဝရက်နေ၊ ၈လပိုင်း၊ ၂ဝဝ၉ခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ နယ်၊ မိုင်းဝီးကျေးရွာနေ အမျိုးသားတဦးအသက် ၂၃နှစ်အရွယ်ရှိသော သူကို ရွာထဲတွင် လည်ပတ်စဉ် ခလရ (၁၄၄)၏စည်းရုံးသိမ်းသွင်းခံ ခဲ့ရပါသည်။ ခလရ(၁၄၄) အရာရှိသူတဦးသည် သူကို စစ်တပ်ထဲ ဝင်လျှင် ဘာမှ စိုးရိမ်စရာမရှိဟု မက်လုံပေးခဲ့ပါသည်။ ၁ရက်နေ့မတ်လ၂ဝ၁ဝခုနှစ်တွင် စစ်တပ်မှ ထွက်ပြေးလာခဲ့သည်။ သူသည် တပ်ထဲသို့ဝင်ပြီးနောက်တရက်တွင် မန္တလေးမြို့ရှိ စစ်သားစုဆောင်ရေးဌာနသို့ ပို့ပေးဆောင်ခဲ့ပါသည်။
ထို့နောက် မန္တလေး (၂)ရက်နားပြီး စစ်သင်တန်းလေ့ကျင့်ရန်အတွက် သပိတ်ကျင်းသို့ပိုဆောင်ခဲ့ပါသည်။ သပိတ်ကျင်းမ
အခြေခံသင်တန်း (၄)လခွဲ တက်ခဲ့ရပါသည်။ သင်တန်းတက်သည့်ကာလတွင် သင်တန်းသားပေါင်း(၁၂၅ဝ) ဦးရှိပါသည်။
သင်တန်းတက်သည့်ကာလတွင် တဖက်ကို တိုက်ခိုက်ရန်နှင့် စိတ်ဓါတ်ခိုင်မာအောင် လေ့ကျင့်ပေးခဲ့သလို ထွက်ပြေး
သော စစ်သားများကို ပစ်သတ်၊ စိတ်ရိုင်းဝင်လာအောင်လည်း လေ့ကျင့်ပေးခဲ့ပါသည်။ တော်လှန်ရေး ပုလိပ်လျှောက်ရန်အတွက် နေပြည်တော်မြို့သို့ဆက်လက် ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ဟိုပန်မြို့ရှိ ခလရ(၁၄၃)ထံသို့ ပို့ဆောင်ခဲ့ပါသည်။ ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ “စစ်တပ်ထဲလည်းရောက်တော့ ခလရ(၁၄၄)အရာရှိတစ်ဦးကကျနော်ကို ဘာမှစိုးရိမ်စရာမလိုဘူး၊၊ ဒီမှာတာဝန်ကျအောင်လည်း လုပ်ပေးမယ်။ ကျနော် သူတို့နဲ့လိုက်ပြီးနောက်တရပ်မှာ မန္တလေးမြို့ခေါ်ဆောင်သွားပါတယ်။ ကျနော် နှစ်ရက်နားတယ်။ ပြီးတော့ ကျနော်ကို စစ်သင်တန်း လေ့ကျင့်ဖို့အတွက်ဆိုပြီး သပိတ်ကျင်းကို ပို့တယ်။ ကျနော် သပိတ်ကျင်းမှာ စစ်သင်တန်း (၄)လခွဲ တက်ရတယ်။ စစ်သင်တန်းပြီးတော့ တော်လှန်ရေး ပုလိပ်လျှောက်ဖို့ဆိုပြီး ကနော်ကို နေပြည်တော်မြို့သို့ ပြန်လည်း ပိုဆောင်လိုက်တယ်။အဲကနေတဆင့် ကျနော်ကို ဟိုပန်မြို့နယ်မှာရှိတဲ့ ခလရ (၁၄၃)မှာ တာဝန်ထမ်း ဆောင်ခိုင်းပါတယ်။ ကျနော်တို့ သင်တန်းတက်တဲ့ အသုတ်မှာဆိုရင် လူဦးရေ (၁၂၅ဝ)ယောက်ရှိပါတယ်။ သင်တန်း တက်တဲ့အတောအတွင်းမှာဆိုရင် စိတ်ရိုင်းဝင်လာအောင်၊ စိတ်ဓါတ်ခိုင်မာလာ အောင် နည်းလမ်းအမျိုးမျိုးနဲ့ကျနော်ကို လေ့ကျင့်ပေးပါတယ်။ အချင်းချင်းရိုက်နှပ်တာတို့၊ ထွက်ပြေးရင် ပစ်သတ်တယ်။ အရမ်းကို ဒုက္ခရောက် ခဲ့ပါတယ်။ သေနတ်ကို ကိုင်ဆောင်ဖို့ကြောက်လျှင်လည်းအော်ဆူခံရပါတယ် ” “ရှေ့တန်းထွက်တဲ့အခါ မဟုတ်ရင် ကြံတွေ ခုတ်ရတယ်။ ထမင်းဟင်းတွေလည်း ကောင်းကောင်းမစားရသလို
ဆားတောင်မှ လူကြီးတွေ လာတဲ့အချိန်ပဲ ချပေးထားတယ်။ လူကြီးတွေ ပြန်သွားရင် ပြန်သိမ်းလိုက်တယ်။ ပြန်ချင်တယ်
လို့ ပြောရင်လည်းမရဘူး။ သေဒဏ်ပဲလို့ ကျနော်တို့ကို ခဏခဏ ခြိမ်းခြောက်တယ်။ သာမာန် အရပ်သားတွေဆီလည်းကျနော်တို့ကို စောင့်ကြည့်ခိုင်းတယ်။ ထွက်ပြေးသွားတဲ့စစ်သားတယောက်မိရင် ကျပ်ငွေ သုံးသောင်း (၃ဝဝဝဝ) ပေးဆောင်ရတယ်။ ဘယ်သူမှ မပြေးရဲဘူး။ ထွက်ပြေးတဲ့သူက သေနတ်နဲ့ပါသွားရင် တခါထဲ ပစ်သတ်တယ်။ တပ်မ (၉၉) ရဲဘော်နှစ်ယောက် ထွက်ပြေးလို့ သတ်ပစ်ခံရတယ်။ ရဲဘော်တယောက်ဆိုရင် အသက် (၁၆)နှစ်ကျော်
ကျော်လောက်ပဲ ရှိသေးတယ်။ နောက်တယောက်ဆိုရင် အသက် (၂ဝ)လောက်ရှိတယ်။ သူတို့နှစ်ယောက်ဆိုရင်
ကွမ်းလုံတပ်က ဖမ်းမိပြီး တပ်မ (၉၉) က စစ်သားတစ်ယောက်ကို ခေါ်ပြီး ပစ်သတ်ခိုင်းတယ်။ ဒီ ၂ဝ၁ဝအတွက်လည်း
စစ်သားတွေ အများကြီး စုဆောင်းဖို့ ရှိပါသေးတယ်။ တအိမ်လျှင်တယောက် မဝင်မနေရ ဝင်နေရတယ်။ ပြီးရင်
လစာလည်း သုံးသောင်း ထပ်တိုးဦးမယ်လို့ ပြောပါတယ်။ စစ်သားကို လစာ ခုနှစ်သောင်း ကျပ်ရမယ်လို့ ပြောတယ်။
လေးလပိုင်းလောက်ဆိုရင် လစာကို ထပ်တိုးပေးမယ်လို့သူတို့က ပြောတယ် ” ရှေ့တန်းထွက်သည့်အခါမဟုတ်လျှင် ကြံခုတ်ပေးဆောင်ရပါသည်။ အစားအသောက်လည်းကောင်းမွန်စွာမေ ကျွးပေ။
စစ်တပ်ထဲသို့ နေရန်အတွက် နည်းလမ်းအမျိုးမျိုးနှင့် ခြိမ်းခြောက်ထားခြင်းဖြင့် တကယ်ထွက်ပြေးလျှင် ပစ်သတ်သည်
ဟု စစ်တပ်ထဲ မနေနိုင်၍ ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ သိရှိရပါသည်။ သတင်းနှင့် သုတေသန ဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

0 comments: