Tuesday, June 11, 2013

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ညီနောင်ပါတီတွေရဲ့ ဆွေးနွေးပွဲ ကျင်းပတာ (၁၅) ကြိမ် ရှိပါပြီ။ ဆွေးနွေးပွဲ ရလဒ်တွေကို မနက်ဖြန် ညနေမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဆွေးနွေးနေတဲ့ အချိန်မှာတော့ သတင်းယူခြင်း မပြုရန် မေတ္တာရပ်ခံပါတယ်။ ညနေပိုင်းမှာတော့ တောင်ပေါ်သား ဟိုတယ်မှာ လွတ်လွတ်လပ်လပ် သတင်းမေးမြန်း ရယူနိုင်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။
ဆွေးနွေးပွဲ သတင်းရယူရန် မီဒီယာ ခုနစ်ခုမှ သတင်းထောက်များ ရောက်ရှိနေပြီး ပီအာစနစ် ကိစ္စနှင့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စများကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် မေ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် မူတည်ပြီး NBF ၏ ရှေ့ဆက်သွားမည့် မူဝါဒများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် ကူညီနိုင်မည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တရားဝင် ညီနောင်တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်သည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။

Sunday, March 3, 2013

စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေး ရေးကို တံခါး ဖွင့်ထားဟု ပလောင် (တအာင်း) အဖွဲ့ ပြောကြား

မြန်မာ အစိုးရ ဘက်မှ လေးနက် စစ်မှန်သော ယုံကြည် မှုဖြင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် ဖိတ်ခေါ် ဆွေးနွေး မှုများ ပြုလုပ် လာမည် ဆိုပါကာ တံခါးဖွင့် ထားကာ လက်ခံ ကြိုဆို သွားရန် အသင့် ရှိကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

“ဗမာ အစိုးရ ဘက်က တစ်ကယ် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆန္ဒ ရှိတယ် လုပ်မယ် ဆိုရင်တော့ ကျွှန်တော်တို့ ဘက်က ကျွှန်တော်တို့ သဘော ထားကို အမြဲတမ်း ကြေငြာ ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမြဲတမ်း လက်ကမ်း ကြိုဆို ပါတယ်” ဟု ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

ဖေဖော်ဝါရီ လဆန်း၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ဆီသို့ လိပ်မူကာ ဦးအိုက်မုန်း ခေါင်းဆောင်သည့် ပလောင် တိုင်းရင်းသား (ငြိမ်းချမ်းရေး) အဖွဲ့မှ ပေးပို့ လာသည့် စာအပေါ် တုန့်ပြန်၍ သဘောထား မှတ်ချက် ပေးခဲ့ ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ရှမ်းပြည်နယ် တွင်းရှိ ပလောင် ဒေသ အပါအဝင် အခြားဒေ များသို့ အစိုးရ တပ်ဘက်မှ စစ်ရေး အင်အားများ တိုးချဲ့ ချထား လာနေကာ လှုပ်ရှား စစ်ကြောင်း များနှင့် ဒေသ အခြေစိုက် လက်နက်ကိုင် တပ်များ ဖြစ်သည့် ရှမ်း၊ ပလောင် တပ်ဖွဲ့ များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွား နေကြသည့် အနေ အထား၌ ရှိနေ ဆဲပင် ဖြစ်သည်။

“ကျွှန်တော်တို့ အပြန်အလှန် ညှိနှိုင်း ကြမယ် ဆွေးနွေး ကြမယ်၊ ညှိနှိုင်း ကြမယ် ၊ ရိုးရိုး သားသားနဲ့ ဆွေးနွေး ကြမယ် ဆိုရင် ဒါမျိုး တွေ လုပ်စရာ မလို ဘူးလို့ ကျွှန်တော် ပြောချင်တယ်၊ အခု ကချင် ဘက်ကိုရော ကျွှန်တော်တို့ ရှမ်း၊ တအာင်း/ ပလောင် ဘက်ကိုရော စစ်အင် အားတွေ တအား တိုးချဲ့ လာနေ တာက ဒါက ငြိမ်းချမ်းရေး အတွက်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ကျွှန်တော် ပြောချင်တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀) ရက်နေ့၌ အစိုးရ စစ်ကြောင်းနှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး လက်အောက်ခံ လက်နက် ကိုင်တပ် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့များနှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် (၂) နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။

၎င်းနောက်မှ ဖေဖော် ဝါရီလ (၁၁) ရက်နေ့တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ၄င်း လက်အောက်ခံ တပ်ဖွဲ့ များအား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဦးအောင်မင်းတို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် များနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးရန် ရှိနေသဖြင့် တိုက်ပွဲများ မဖော် ဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပါသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင် များအား အခမ်းအနား တစ်ခု၌ တွေ့ရစဉ်

ထို့ပြင် ဝန်ကြီး ဦးအောင်မင်း တို့မှ ပြောဆို နေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက် ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားမည့် အပေါ် များစွာ သံသယ ဖြစ်မိ နေကြောင်းလည်း ဆိုပါသည်။

“အဲဒါ ကြောင့်မို့လို့ ကျွှန်တော်တို့ ဘက်က မေးစရာ ဖြစ်လာ တာက အခု ဦးအောင်မင်း တို့က ငြိမ်းချမ်းရေးကို တစ်ကယ် တည်ဆောက် မယ်လို့ ပြောတဲ့ အချိန်မှာ ငြိမ်းချမ်း ရေးကို တစ်ကယ် တည်ဆောက် ချင်တာလား၊ သက်သက် ဖိအားနဲ့ လုပ်တဲ့ ဖိအားပဲ လိုချင်တာလား ဆိုပြီး မေးစရာတွေ အများကြီး ဖြစ်လာတယ်” ဟု ဗိုလ်မှူးမှ ဆက်ပြောသည်။

ဦးအိုက်မုန်းတို့ ပေးပို့ခဲ့သည့် စာတွင် ဖော်ပြ ထားချက်အရ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံ ပြည်သူများ များစွာ ထိခိုက် နစ်နာ ရကာ ပြည်သူ လူထုများက ငြိမ်းချမ်းရေး ရရှိရန် လိုလား တောင့်တလျက် ရှိကြောင်း ပါရှိပါသည်။ ထို့ကြောင့် အခြား ငြိမ်းချမ်းရေး ရယူပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နည်းတူ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်ကို နှစ်ဖက် အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုကြ နိုင်ရန်လည်း တိုက်တွန်း ရေးသား ထားပါသည်။

ထို့ပြင် ရှမ်းမြောက် ဒေသရှိ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA နှင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ များနှင့် ယနေ့ နံနက်ပိုင်းမှ နေ့လည်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေဆဲပင် ဖြစ်ပြီး နှစ်ဖက် တပ်များ အကြား စစ်ရေး အခြေ အနေ တင်းမာလျက် ရှိနေကာ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်မည့် အနေ အထားများ ရှိနေ သည်ဟုလည်း သုံးသပ် မှုများ ထွက်ပေါ်လျက် ရှိဆဲပင် ဖြစ်သည်။

Phophtaw News Associationမှ ရယူသည်။

Saturday, December 15, 2012

KIO ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ


 

KIO ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ၄ မိုင်ခန့် အကွာရှိ လဂျားယန်ရွာအနီးတွင် KIA , ABSDF ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများ  ပြင်းထန်စွာ
 ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အစိုးရတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းရောက်
 ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ရင်ဆိုင်တိုက်ပွဲတွေ မနားတန်းဖြစ်နေတုန်း အတော်ပြင်းထန်နေတယ်၊ သူတို့ဘက်က လွယ်မောက် အမြောက် စခန်းနဲ့ ခမ်းကိုင် အမြောက်စခန်းကနေ အမြောက်တွေနဲ့ပစ်နေတယ်၊ လေကြောင်းပစ်ကူက နှစ်ကြိမ် ၊ မနက် ၁၁ နာရီလောက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လဂျားယန်ရွာကို ပစ်တယ်၊ မွန်းလွဲ နှစ်နာရီလောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ ဘွမ်ဆွမ်စခန်းကို ၀င် ပစ် တယ် ” ဟု သူက ပြောသည်။

အစိုးရတပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေပြီး အခြားနေရာ ၃ ခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“သူတို့ဘက်က စစ်ကြောင်းတွေ ဖြန့်တက်နေတယ် အင်အားတွေလည်း ထပ်ဖြည့်နေတယ် တခိျု့တပ်တွေက လဂျားယန် ရွာထဲဝင်နေပြီ အခုဖြစ်နေတာက  မြစ်ကြီးနား - လိုင်ဇာလမ်း ခလားဘက်ရယ် နန်ဆန်ယန်ဘက်ရယ် ဆင်ဘိုခွင်က ဧရာဝ တီ မြစ်တစ်ကျောတွေမှာလည်း ဖြစ်နေတယ်” ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိပြီး လဂျားယန်တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာ ရ ကြောင်း အစိုးရတပ်မှ အကျအဆုံး အတိအကျ မသိရသော်လည်း စစ်လက်နက် အသုံးအဆောင်များနှင့် ရုပ်အလောင်းများ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောသည်။

သတင်းအရင်းအမြစ်-  http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3732-kio----.html 


စစ်ဗိုလ်လူထွက် ပလောင်လူငယ်နှစ်ဦးကို ရိုက်နှက်

မြန်မာအစိုးရ စစ်တပ်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီး အောင်ဇော်မြင့် ဆိုသူသည် စစ်ဗျူဟာမှူး အရှိန်အဝါသုံး၍ ဒေသခံ ပလောင်လူငယ် ၂ ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှု တစ်ခု သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအတွင်း ယခုလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပလောင်လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် ၄င်းစစ်ဗိုလ်အောင်ဇော်မြင့် စီးနင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိရာမှ အချင်းများပြီး အဆိုပါ အငြိမ်းစားစစ်ဗိုလ်မှ ပလောင်လူငယ် နှစ်ဦးအား ဗျူဟာမှူးအမည်သုံးကာ ထိုးကြိတ်ရိုက်နှက်ခြင်း ဖြစ်ကြောင်း မုံးဝီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဲဒီနေ့က မုံးဝီးဈေးနေ့ပေါ့ နမ့်ခမ်းဘက်ကဈေးလာဝယ်တဲ့ ပလောင်လူငယ်နှစ်ယောက်စီးတဲ့ ဆိုင်ကယ်နဲ့ အငြိမ်းစား ဗိုလ်ကြီး အောင်ဇော်မြင့်စီးတဲ့ ဆိုင်ကယ် ဈေးထဲမှာ တိုက်မိတဲ့အခါကျတော့ ပလောင်လူငယ်တွေဘက်က ဒဏ်ရာနည်း နည်းရသွားတယ် သူတို့က အငြိမ်းစား ဗိုလ်ကြီးကို ခင်ဗျားမှားတယ်ဆိုပြီး ပြောတာပေါ့ အဲဒီဗိုလ်ကြီးက စစ်ဗျူဟာမှူးနဲ့ ရင်းနှီးတော့  မကျေနပ်ရင် ဗျူဟာမှူးဆီသွားရှင်းမလားဆိုပြီး ခေါ်တာပေါ့ အဲဒီမှာပဲ ဗျူဟာမှူး နံမည်သုံးပြီး သူကိုယ်တိုင် ထိုးကြိတ် ရိုက်နှက် လိုက်တယ် ” ဟု ဒေသခံက ဆိုသည်။

အဆိုပါ အငြိမ်းစားစစ်ဗိုလ်၏ ရိုက်နှက်မှုကြောင့် ပလောင်လူငယ်များဘက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ရိုင်းပျ စွာ အနိုင်ကျင့် စော်ကားသည့် အပေါ် မုံးဝီးဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

၎င်းအငြိမ်းစားစစ်ဗိုလ်မှာ မုံးဝီးကျေးရွာတွင် နေထိုင်ကာ ဆန်အရောင်းအဝယ် လုပ်ကိုင်နေရာ ၄င်း၏ မောက်မာ ရိုင်းစိုင်း စွာ ဆက်ဆံတတ်သည့် အလေ့အထကြောင့် ဒေသခံများနှင့်လည်း သင့်မြတ်ခြင်း မရှိကြောင်း သိရသည်။

သတင်းအရင်းအမြစ်- http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3733-2012-12-14-10-48-06.html

ကေအိုင်အေမျိုးချစ်ရဲဘော်များ ဗမာစစ်ရဟတ်ယာဉ်တစ်စီးပစ်ခတ်နိုင်

ဒီဇင်ဘာ (၁၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) နယ်မြေ လဂျားယန်နှင့် ဂျာပူတိုက်ပွဲတွင် ဗမာအစိုးရ စစ်သား အများအပြားသေဆုံးကြောင်း၊ ဒဏ်ရာရ ဗမာစစ်သားများကို လုံရောခ့်ပိုစ့်မှ စစ်ရဟတ်ယာဉ်ဖြင့် လာရောက် တင်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်ရဟတ်ယာဉ် တစ်စီး ကေအိုင်အေ မျိုးချစ်ရဲဘော်များ ပစ်လိုက်သော ကျည်ထိက မီးခိုးတလူလူဖြင့် ပျံသန်းသွားကြောင်း သတင်းရရှိပါသည်။

There were many Burmese Government soldiers injured and killed in La Ja Yang and Ja Pu battle, which is under KIA (5th) Brigade area on 14th December according to KIA front line officer report. While military helicopter from Lung Rawk post carried injured Burmese soldiers, the military helicopter was hit by Kachin patriotic soldiers shooting. And the military helicopter flew with smoky.

Tuesday, December 11, 2012

တအာင်း၊ ကချင် စုပေါင်းတပ်နှင့် မြန်မာတပ် ခလရ ၃၂၄ တိုက်ပွဲဖြစ်

 
 KIA တပ်ရင်း (၈) လက်အောက်ခံ ကချင်ပြည်သူ့စစ်-မဟဟ နှင့် TNLA တပ်ရင်း(၁၁၂) တို့၏ စုပေါင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၃၂၄၊ တို့သည် ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီခွဲ ခန့်မှစတင်၍ ကွတ်ခိုင်မြို့နယ် လွယ်ဝန်းရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
မွန်းလွဲ ၁ နာရီထိတိုင်အောင် လက်နက်ကြီး လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်လျှက်ရှိပြီး ၁ နာရီခွဲခန့်အချိန်တွင် မြန်မာစစ်တပ်ဘက်က တပ်ဆုတ်သွားသဖြင့် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု တအာင်းတပ်မှူး တဦးက ပြောပြပါသည်။ တိုင်းရင်းသားတပ်ပေါင်းစုဘက်မှ ထိခိုက်မှုမရှိဟု ထိုတပ်မှူးကပြောပြပြီး မြန်မာဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးချေ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မေးမြန်းလိုပါက tnla.pslf@gmail.com နဲ့ tealand@gmail.com ဆက်သွယ်နိုင်ပါသည်။

သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်


ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများလုံးပါဝင် မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။

sai-leun-kto

“နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ်အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည်ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသားအားလုံးပါဝင်မယ့်ညီလာခံတရပ်လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လဲလဲရှိတယ်” ဟု စိုင်းလိတ်ကပြောသည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလာမတိုင်မှီ သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပါဝင်သည့်ညီလာခံတရပ်ကျင်းပရန် မိုင်းလားတပ်ဖွဲ့အား ပထမဦးဆုံးသွားရောက်ဆွေးနွေးကြောင်း၊ နောက်ပိုင်း ၀တပ်ဖွဲ့၊ ပအိုဝ်း၊ ပလောင်၊ လားဟူးစသည့်တပ်ဖွဲ့များနှင့် လည်းတွေ့ဆုံဆွေးနွေးသွား မည် ဖြစ်ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် အောက်ခြေအရာရှိ များနှင့်ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း၊ ညီလာခံကြီးတွင် ခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင် Summit အဆင့်လုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။

“ ကျနော်တို့ ဒုတိယညီလာခံကိုတော့ သင်္ကြန်မတိုင်ခင်လေးမှာလုပ်ချင်တယ်။ လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ အခု မိုင်းလားဆီကိုဘဲလာရ သေးတယ်။ ကျန်တာအများကြီးရှိသေးတယ်။ သျှမ်း ပြည် အခြေစိုက်အဖွဲ့ အစည်းတွေလဲအများကြီးရှိ သေးတယ်။ ဒီအတွက်အချိန် ၄- ၅ လ ယူရဦးမယ်။ နှစ်သစ်ကူးပွဲပြီးရင်တော့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို ထပ်တွေ့ဖို့ရှိတယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

ထို့အတူ ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားကြား၊  တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက် ရာတွင် တပ်မတော်  နှင့် ပြည်သူနှစ်ဘက်စလုံးကပါ ထဲထဲဝင်ဝင်လေ့လာဖို့လိုကြောင်း၊ ထို့ကြောင့်လာမည့် ညီလာခံတွင် စစ် တိုင်း ၄ ခုက စစ်တိုင်းမှူးများ၊ လူထုကိုယ်စားလှယ်များလည်း  တက်ရောက်စေလိုကြောင်း စိုင်းလိတ် ကပြောပါသည်။

ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ ခွန်ထွန်းဦး၏ မိုင်းလားခရီးစဉ်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နာယ က ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စိုင်းကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။ ဝ ခေါင်း ဆောင် နှင့် ခွန်ထွန်းဦးတို့ မကြာမှီတွေ့ဆုံနိုင်ရန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း သို့ နိဒါန်းအဖြစ် သွားရောက်ဆွေးနွေးနေသည်ဟုလည်း ကြားသိရပါသည်။

ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

Helicopeterကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်ဖွဲ့နှင့် ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုး ရတပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဒေသတွင် ယနေ့ နံနက် (၁၁) နာရီ အချိန်၌ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာဘုန်းကျော် ကပြောပါသည်။
“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲနေရာက သာပန်းကုန်း ရှောက်ပန်းကုန်း ဘိန်စိုက်ခင်းရဲ့ တောင်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ မနက် (၁၁) နာရီ လောက် စဖြစ်တာ (၁၂) နာရီ လောက်မှာ တိုက်ပွဲက ပိုပြင်းထန် လာပြီးတော့ ညနေ(၄)အထိက ကြိုကြား ပစ်ခတ် ခဲ့ကြပါတယ်။ နောက်တပွဲ ကတော့ ကွတ်ခိုင် မြို့နယ် ဖက်မှာပါ။ အစိုးရ တပ်ဖွဲ့က ကျနော်တို့ ပူးပေါင်းတပ် ရှိတဲ့ တပ်စ ခန်းနေရာကို လာရောက် တိုက်ခိုက် သွားတာ ဖြစ်တယ်။ ဒီတော့ ဒီနေ့မှာ နှစ်ပွဲ ဆက်တိုက် ဖြစ်တာပေါ့”  ဟု ဆိုပါသည်။

ဤတိုက်ပွဲများသည် နမ်းခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင့် ဆီပန်း တောင်တဝိုက်၌ရှိ သောသစ်များကို တရုတ်ပန်းဆေး ပြည်သူ့စစ်များ ခိုးထုတ် နေခြင်းကို သွားရောက် ဖမ်းဆီးရန် ကြိုးစား ရာက လုံခြုံရေးယူ ထားသော မြန်မာ အစိုးရ တပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။

ဤတိုက်ပွဲတွင် KIA တပ်မဟာ (၄) မှ တပ်ရင်း (၈) တပ်ဖွဲ့နှင့် TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆင်ခြင်း ဖြစ်ပြီး အစိုးရဖက်မှ ခမရ ၅၀၁၊ ခလရ ၁၃၀ တပ်ဖွဲ့နှင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

TNLA
တရုတ် ပန်းဆေး ပြည်သူ့ စစ်များ သစ်ခိုးထုတ်နေ (ဓါတ်ပုံ- TNLA)


ထို့ပြင် KIA တပ်ရင်း (၈)၊ တအာင်း TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့တို့ အခြေချသော ကွပ်ခိုင်မြို့နယ် လွယ်ဝန်ကျေးရွာစခန်း သို့  နမ္မတူမြို့အခြေစိုက် ခလရ (၃၄) တပ်ဖွဲ့တို့က ယနေ့ နေ့လည် (၁၂) နာရီ အချိန်မှ နေ့လည်တနာရီထိ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်သွား ခဲ့ပြီး ယင်းနေရာ၌ပင် တပ်စွဲ ထားလိုက် သည်ဟု ဗိုလ်မှူးတာဘုန်းကျော် က ပြောပါသည်။

ဤဒေသတွင် KIA ၊ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်များ လှုပ်ရှားနေပါသည်။ ဤအဖွဲ့များသည် ညီညွတ် သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ ဖြစ်ပါသည်။ UNFC တွင် အပစ်ရပ် ထားသော အဖွဲ့ များရှိသလို အပစ် မရပ်ရ သေးသော အဖွဲ့များလည်း ရှိပါသည်။ အစိုးရ ကမူ အပစ်ခတ် ရပ်စဲရေးသာ အဓိကထားပြီး တိုင်းရင်းသား အခွင့် အရေးကိုမူ လျစ်လျူ ရှုနေသည်ဟု အပစ် မရပ် ရသေးသော တိုင်းရင်းသား အဖွဲ့ များက ဆိုပါသည်။

အစိုးရသည် ငြိမ်းချမ်းရေး တည်ဆောက် နေပါသည်ဟု နိုင်ငံ တကာအား ပြစားရန်သာ  အသုံးချ လိုသဖြင့် ၄င်းတို့ အစီ အစဉ် အတိုင်း လက်ခံသော တိုင်းရင်းသား အဖွဲ့များ ကိုသာ ရွေးချယ်ပြီး လက်ခံ ဆွေးနွေး နေခဲ့ပါသည်။ သို့သော်လည်း တိုင်းရင်း သားများ လိုလား တောင့်တသော နိုင်ငံရေးပြသနာ ဖြေရှင်း ရေးကိုမူ အချိန်ဆွဲ ထားခဲ့ပါသည်။
ထို့အပြင် အစိုးရချေမှုန်းလိုသော တိုင်းရင်းသားအဖွဲ့ကိုမူ နည်းပရိယာယ်များကျင့်သုံးပြီး စစ်ရေးအရ ပြင်းထန်စွာအရေး ယူ သော သွေးခွဲရေးစနစ်ဖြင့် ချေမှုန်း နေသည်ဟု စစ်ရေး လေ့လာသူ များက သုံးသပ်ပါသည်။

တအာင်း၊ ကချင် စုပေါင်းတပ်နှင့် တရုတ်သစ်ကုန်သည်ကို ကာကွယ်ပေးသည့် မြန်မာတပ် တိုက်ပွဲဖြစ်

KIA တပ်ရင်း (၈) နှင့် TNLA တပ်ရင်း(၁၁၂) တို့၏ စုပေါင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁၊ ခလရ ၁၃၀ တို့သည် ယနေ့ ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီ ခန့်မှစတင်၍ နမ့်ခမ်းမြို့နယ် သာပန်းကုန်းရှောက်ပန်းကုန်းတောင်တွင် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
 
 
ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့မှ တအာင်းဒေသတွင်း လွယ်လွန်း၊ လွယ်ဆောင်၊ ဆင်ခေါင်းတောင် ရှိ ဒေသသစ်များ ခိုးထုတ်နေသည်ကို တအာင်း၊ ကချင်တပ်ဖွဲ့တို့ သွားရောက်တားမြစ် ဖမ်းဆီးစဉ် ထိုပြည်သူ့စစ် တရုတ်သစ်ကုန်သည်များအား အကာအကွယ်ပေးနေသည့် မြန်မာတပ်ဖွဲ့တို့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ တိုက်ပွဲဖြစ်နေသည်ဟု တအာင်းတပ်မှူး တဦးက ပြောပြပါသည်။
 
 
မွန်းလွဲ ၂ နာရီထိတိုင်အောင် လက်နက်ကြီးပစ်ခတ်သံများ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရသည်ဟု ဂျုံနော် ရွာသားတဦးက ပြောပြပါသည်။ နှစ်ဘက်ပစ်ခတ်မှုများမှာ ဆက်လက်ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု ကို မသိရှိရသေးချေ။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မေးမြန်းလိုပါက tnla.pslf@gmail.com နဲ့ tealand@gmail.com ဆက်သွယ်နိုင်ပါသည်။

Monday, December 10, 2012

KIA နှင့် အစိုးရတပ်တို့ လက်နက်ကြီးတိုက်ပွဲဖြစ်နေ



KIO ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီး  လိုင်ဇာမြို့တစ်ဝိုက်တွင် ယခုလ ၈ ရက်နေ့မှ ယနေ့အထိ KIA နှင့် အစိုးရတပ်တို့ အကြား နှစ်ဘက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

ယခုလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အဆိုပါ ဋ္ဌဌာနချုပ်လိုင်ဇာနှင့် ၆ မိုင်ခန့်အကွာရှိ မန်မော်ရွာ အနီးတွင် နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တုန်ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်ရွာ အခြေစိုက် အစိုးရအမြောက်တပ်ရင်း မှ လိုင်ဇာမြို့သို့ လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လိုင်ဇာမြို့ နောက်ကျောတစ်ဝိုက် ကျရောက်ပေါက်ကွဲ ခဲ့ပြီး KIA ဘက် မှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ယနေ့အထိ နှစ်ဘက် လက်နက်ကြီး တိုက်ပွဲ ဖြစ်ပွား နေကြောင်း လဂျာယန်ရွာ အခြေစိုက် ABSDF ကျောင်းသားတပ်မှ တပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စကခ ၃ လက်အောက်ခံတပ် ၊ အင်အား ၂၀ဝ ကျော်လောက်က ခလရ ၄၀ ကို အင်အားလာထပ်ဖြည့်တာ။  လိုင်ဇာကို ဦး တည်လာတာပေါ့။ လိုင်ဇာနားက မန်မော်ရွာထဲမှာ လာထားသွားတာ အဲဒီရွာထဲမှာပဲ စစ်တပ်က နှစ်ခြမ်းခြမ်း ပြီးနေထား တာ ။ အဲဒီအင်အားလာဖြည့်တဲ့တပ်နဲ့ တိုက်ပွဲစဖြစ်တော့ ခမ်းကိုင်အမြောက်တပ် ကနေ လက်နက်ကြီးတွေနဲ့ လိုင်ဇာကို လှမ်းပစ်တယ် ” ဟု သူက ဆိုသည်။

KIA ဘက်မှလည်း ၁၂၀ မမ အမြောက်များဖြင့် ခမ်းကိုင်အမြောက်တပ်ရှိရာဆီသို့ ပြန်လည်ပစ်ခတ်နေရာ လက်နက်ကြီး ကျည်များ ၄င်းအမြောက်တပ်အတွင်း ကျရောက်ပေါက်ကွဲကာ မီးလောင်မှုများ ဖြစ်ပွားနေ ကြောင်း ယနေ့တွင် ဗန်းမော်မြို့မှ အစိုးရတပ် အင်အား ၂၅၀ ခန့် လိုင်ဇာဘက်သို့ ထပ တက်လာကြောင်း ၄င်းတပ်မှူးက ဆက်ပြောသည်။