ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက်
အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ
ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ
ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊
ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ညီနောင်ပါတီတွေရဲ့ ဆွေးနွေးပွဲ ကျင်းပတာ (၁၅) ကြိမ်
ရှိပါပြီ။ ဆွေးနွေးပွဲ ရလဒ်တွေကို မနက်ဖြန် ညနေမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဆွေးနွေးနေတဲ့ အချိန်မှာတော့ သတင်းယူခြင်း မပြုရန် မေတ္တာရပ်ခံပါတယ်။
ညနေပိုင်းမှာတော့ တောင်ပေါ်သား ဟိုတယ်မှာ လွတ်လွတ်လပ်လပ် သတင်းမေးမြန်း
ရယူနိုင်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ
ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ)
အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ
ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား
ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။
ဆွေးနွေးပွဲ သတင်းရယူရန် မီဒီယာ ခုနစ်ခုမှ သတင်းထောက်များ ရောက်ရှိနေပြီး
ပီအာစနစ် ကိစ္စနှင့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စများကို အဓိက
ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် မေ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ
မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ
ထွက်ပေါ်လာသည့် ရလဒ်များအပေါ် မူတည်ပြီး NBF ၏ ရှေ့ဆက်သွားမည့် မူဝါဒများ၊
ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် ကူညီနိုင်မည့် အချက်များကိုလည်း
ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တရားဝင်
ညီနောင်တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်
ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊
ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်သည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ
ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ)
အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ
ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား
ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။
Tuesday, June 11, 2013
Home »
NEWS
» ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Related Posts:
Thein Sein chosen as regime’s new PresidentBurma’s new Parliament (Pyidaungsu Hluttaw) meeting in Napyidaw today elected the ruling junta's Prime Minister Thein Sein to serve as national President. Thein Sein, a 65 year old retired general, is also head of the milit… Read More
Chief of Tunisian Army Pledges His Support for ‘the Revolution’The general who may be both the most powerful and the most popular figure in Tunisia spoke publicly Monday for the first time since the ouster of the former dictator, Zine el-Abidine Ben Ali, pledging to uphold “the revolutio… Read More
Belgium Supports Burma UN Commission of InquiryBurma activists in Europe on Friday welcomed the Belgian government’s decision to support the creation of a UN Commission of Inquiry to probe possible war crimes and crimes against humanity committed by the military governmen… Read More
Ban hopes election of new Myanmar president leads to ‘inclusive’ civilian government4 February 2011 – Secretary-General Ban Ki-moon today took note of the announcement, by Myanmar’s newly-convened parliament, of the election of a new president and vice-presidents and voiced hope that the move marks the be… Read More
UN chief urges restraint after latest Thai-Cambodian border clashesTemple of Preah Vihear6 February 2011 – Secretary-General Ban Ki-moon on Sunday voiced concern about repeated armed clashes between Cambodia and Thailand around their common border, and called on both sides to exercise res… Read More
0 comments:
Post a Comment