တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာတွင် လည်း အပစ်ရပ်စာချုပ်ပါ အချက်တော် တော်များများကို သဘောတူထားပြီး ဖြစ်ကာ အချက်အနည်းငယ်သာ ထပ်မံ ဆွေးနွေးရန်ကျန်ရှိတော့သည်ဟု နှစ်ဖက် ခေါင်းဆောင်များကဆိုသည်။
ဆွေးနွေးပွဲတွေနှင့် တစ်ချိန်တည်း မှာပဲ အပစ်အခတ် ရပ်စဲရေးသဘော တူညီမှုမပြုလုပ်ရသေးသညKIA (ကချင် လွတ်မြောက်ရေးတပ်မတော်)၊TNLA (တအာင်းလွတ်မြောက်ရေးတပ်မတော်) အပစ်ရပ်လက်မှတ်ရေးထိုးထားသောSSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)တို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိ သည်။
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များထဲတွငTNLA (တအာင်းတပ်မတော်)နှင့် အများဆုံးဖြစ် ပွားခဲ့ပြီး အပစ်အခပ်ရပ်စဲရေး ညှိနှိုင်းမှု မှာလည်း အောင်မြင်ရရှိနိုင်ခြင်းမရှိသေး ချေ။ မြန်မာ့တပ်မတော်နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော်တို့သည် ၂၀၁၃ခုနှစ်တွင် တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ သြဂုတ်လ ၁၈ ရက် အထိ တိုက်ပွဲပေါင်း ၁၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
ယင်းသို့တိုက်ပွဲများ များပြားနေခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးးက ““တအာင်းကလည်း အပစ်ရပ်ထားတဲ့ အဖွဲ့တော့ မဟုတ်ဘူးပေါ့။ အဲဒီအပ်ါမှာ သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကလည်း ရှိတာ ပေါ့။ တပ်မတော်ကလည်း လှုပ်ရှားမှု တွေရှိတဲ့အပေါ်မှာ ထိတွေ့မှုတွေရှိကြ တာပေါ့””ဟုပြောသည်။
ပထမအကြိမ် အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးခဲ့ရာတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းခဲ့သော် လည်းTNLA အနေဖြင့် အဆင့်သင့် မဖြစ်သဖြင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ဟု ဆိုသည်။
TNLA အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က အစိုးရအနေဖြင့် တွေ့ ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှု ထက် အပစ်အခတ်ရပ်စဲရေးကိုသာ ကမ်း လှမ်းခဲ့သဖြင့် ဆွေးနွေးမှုမအောင်မြင်ရ ခြင်းဖြစ်သည်ဟု ဆိုသည်။
နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက် က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယင်းသို့ ဆွေးနွေးပွဲမအောင်မြင်ရ ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီဒုတိယဥက္ကဋ္ဌဦးအောင်မင်းကTNLA ၏ တောင်းဆိုချက်များ များပြားမြင့်မား ခြင်းကြောင့်ဖြစ်သည်ဟု သြဂုတ်လ ၇ ရက်ထုတ် ဒီမိုကရေစီတူဒေး နေ့စဉ် သတင်းစာတွင် ပြောကြားထားသည်။
တအာင်းလွတ်မြောက်ရေး တပ်မ တော်အနေဖြင့် လူဦးရေတစ်သိန်းရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းတွင် တအာင်း၊ ပလောင်လူမျိုး လေးသောင်း သာ ရှိသော်လည်း ယင်းနယ်မြေအား တအာင်း၊ ပလောင်လူမျိုးတို့၏ အခြေခံ နယ်မြေအဖြစ် တောင်းဆိုမှုများ ရှိခဲ့ ကြောင်း၊ စာချုပ်များချုပ်ဆိုရာတွင် ထိုသို့ မြို့နယ်အဆင့် တောင်းဆိုမှုများအား မကြားသိခဲ့ရဘူးကြောင်းနှင့် တောင်းဆို ချက်များ များပြားပြီး မြင့်မားကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့သည်။
TNLA အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကမူ အစိုးရအနေဖြင့် အပစ်ရပ်လက်မှတ်ရေး ထိုးစေရန် အတင်းအကျပ် လက်မှတ်ရေး ထိုးစေလိုခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံစေရန် စစ်ရေးအရ ဖိအားပေးလိုသောကြောင့် ထိုးစစ်ဆင် နေခြင်းဖြစ်သည်ဟု သူ၏ အမြင်ကို ပြောသည်။
ဒုတိယဗိုလ်မှူးကြီးတာဘုန်းကျော် က““ကျွန်တော့်အမြင်အရ ဒီမြန်မာအစိုးရ မြန်မာစစ်ခေါင်းဆောင်တွေက ကျွန် တော်တို့ကို စစ်ရေးအရ ဖိအားပေးလို့ ကျွန်တော်တို့က တော်တော်လေးကို ထိခိုက်နစ်နာမှုတွေရှိမယ်ဆိုရင် လူထု ကလည်း ကျွန်တော်တို့ကလည်း ကျွန် တော်တို့ကို ဖိအားပေးမှုတွေ ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တင်ပြထားတဲ့ သူတို့ရေးဆွဲ ထားတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးတာတို့၊ ၂၀၀၈ ဖွဲ့စည်းပုံလက်ခံတာ မျိုးတို့ ဖြစ်လာနိုင်တယ်လို့ အဲဒီ့လိုတွက် ပြီးတော့မှ ထိုးစစ်ဆင်တာမျိုးတစ်ခု ကျွန်တော်သုံးသပ်မိတယ်””ဟုဆိုသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ညွှန် ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကTNLA က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြကာ အစိုးရတပ်လက် အောက်ခံ ပြည်သူ့စစ်အချို့အား လက် နက်ဖြုတ်တိုက်ခိုက်ခြင်း၊ အစိုးရနှင့် ဆွေး နွေးဖက်စာရင်းအဖြစ် အမည်မပေါက် သောအဖွဲ့များဖြင့် ပူးတွဲလှုပ်ရှားခြင်း၊ အစိုးရတပ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးခြင်းတို့ကြောင့် တိုက်ပွဲအရှိန်များ မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလော အပစ်အခတ်ရပ်စဲ ရေး မဆောင်ရွက်နိုင်သေးသော်လည်းTNLA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးချိန်တွင် ပါဝင် လာမည်ဟုမျှော်လင့်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
““တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူကြတဲ့အခါမှာ အခြေခံ ပြီးတော့ တအာင်းကလည်း ၁၆ ဖွဲ့ထဲပါ တော့ အဲဒီအပေါ်မှာ အပစ်ခပ်ရပ်စဲရေး ကို လုပ်နိုင်လိမ့်မယ်ထင်ပါတယ်””ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
““တိုက်ပွဲဖြစ်တာကတော့ တပ်လှုပ် ရှားမှုဖြစ်ရင် တိုက်ပွဲဖြစ်တာသဘောပဲ ပေါ့။ မူးယစ်ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် တပ်ဝင်တယ်ဆို တာနဲ့တိုက်ပွဲဖြစ်တာပဲ။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေကို ကြည့်လိုက်ရင် ဟိုဘက် ဒီဘက် သတ်သတ်မှတ်မှတ် မကွဲပြားတဲ့ နေရာတွေမှာတိုက်ပွဲဖြစ်တာပဲ။ အပစ် ခတ်ထိုးပြီးရင် တပ်နေရာချထားရေးတွေ ကိုလည်းလုပ်ဖို့ရှိတယ်။ သူ့နေရာနေ ကိုယ့်နေရာနေဆိုရင်တော့ ဒီလို ပြဿနာ တွေမဖြစ်တော့ဘူးပေါ့””ဟုဒေါက်တာ မင်းဇော်ဦးကပြောသည်။
လတ်တလောတွငTNLA နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် မချုပ်ဆိုထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့်အစိုးရ တွေ့ဆုံ ဆွေးနွေးသောပွဲများတွငTNLA ခေါင်း ဆောင်များ သွားလာနိုင်ရန် မြန်မာငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ မှ ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
အစိုးရနှင့်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အပစ်ရပ်ပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း အပြီးသတ်မည့် နိုင်ငံရေးမူဘောင်ဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ခြင်း၊ ငြိမ်း ချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးခြင်း စသည့်ခြေလှမ်းစိတ်စိတ်များ အထဲတွင် တအာင်းလွတ်မြောက်ရေး တပ်မတော် နှင့် မြန်မာ့တပ်မတော်ကြား မည်သည့် အတွက်ကြောင့်အပစ်မရပ်နိုင်သေးတာလဲ ဆိုသည့်မေးခွန်းများကရှိနေဆဲသာ...။
Tuesday, August 26, 2014
Home »
» အစိုးရနဲ့TNLA ဘာကြောင့်အပစ်မရပ်နိုင်ရတာလဲ
အစိုးရနဲ့TNLA ဘာကြောင့်အပစ်မရပ်နိုင်ရတာလဲ
10:41 AM
No comments
မေသဇင်
Related Posts:
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသဘောမတွေ့တအာင်း(ပလောင်)အမျိုးသားပါတီသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအသီးသီးတွင် ပြီးခဲ့သည့် ၆လပိုင်းအတွင်း ၂ဝ၁ဝရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်များသွားခဲ့ကြောင်း သိရှိရပါသည်။ တအာင်း (ပလောင်)… Read More
နမ့်ခမ်းမြို့နယ်တွင် ကျောင်းကော်မတီခန့် ဆရာဆရာမများ ခေါ်ယူ၂ဝ၁ဝခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှစ၍ နမ့်ခမ်းမြို့တွင် ၁ဝတန်အောင်ပြီးကျောင်းသူ၊ ကျောင်းသားများကို ကျောင်းကော်မတီမှခေါ်ယူခန့်အပ်သော ကျောင်းဆရာကော်မတီခန့်အဖြစ် ဆရာဦးထွန်အောင်နှင့် ဦးညီကျော်မြတ်တို့က ဦးဆောင်ပြီး ကောက်ခံနေပါသည်၊… Read More
ရှမ်းပြည်မြောက်ပိုင်းတွင် မိုးရာသီအတွင်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ နမ့်ခမ်းမြို့နယ် နှင့် မန်တုန်မြို့နယ်များတွင် မိုးတွင်းချိန်၌ လမ်းများပျက်စီးကာ ရွံ့ဗွက်များအလွန် ပေါများသည့်အတွက် ကား၊ ဆိုင်ကယ်များ သွားသည့်အခါတွင် အဆင်ချောမြေ့မှုမရှိပဲ လွန်စွာခက်ခ… Read More
Border people paying high for homegrown electricityPeople in Shan State North’s Muse and Namkham townships, opposite China’s Ruili, are still required to pay high for electricity fees even though it is produced locally, according to local residents.People are complaining tha… Read More
USDP အဖွဲ့ ဝင်များ ပါတီ မဲရရှိရန် TNP ပါတီနာမည် အလွဲသုံးစားပြုပြီး စည်းရုံးရေးဆင်း၁၅၊ဇွန်လိုင်လ၊၂၀၁၀ ခုနှစ်ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ USDP ပါတီအဖွဲ့ ဝင်များက ပါတီမဲရရှိရေးအတွက် တအာင်း(ပလောင်)လူကြီးများ၏ နာမည်ကို အလွဲသုံးစားပြုပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုင်းမော်ဘက်သို့ မဲဆွယ် စည်းရုံးရေးဆင်… Read More
0 comments:
Post a Comment