Tuesday, August 26, 2014

အစိုးရနဲ့TNLA ဘာကြောင့်အပစ်မရပ်နိုင်ရတာလဲ

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာတွင် လည်း အပစ်ရပ်စာချုပ်ပါ အချက်တော် တော်များများကို သဘောတူထားပြီး ဖြစ်ကာ အချက်အနည်းငယ်သာ ထပ်မံ ဆွေးနွေးရန်ကျန်ရှိတော့သည်ဟု နှစ်ဖက် ခေါင်းဆောင်များကဆိုသည်။ ဆွေးနွေးပွဲတွေနှင့် တစ်ချိန်တည်း မှာပဲ အပစ်အခတ် ရပ်စဲရေးသဘော တူညီမှုမပြုလုပ်ရသေးသညKIA  (ကချင် လွတ်မြောက်ရေးတပ်မတော်)၊TNLA (တအာင်းလွတ်မြောက်ရေးတပ်မတော်) အပစ်ရပ်လက်မှတ်ရေးထိုးထားသောSSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)တို့နှင့်...

အစိုးရငြိမ်းချမ်းရေးစာချုပ်တွင်ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း

အစိုးရအဆိုပြုစာချုပ်၏ ခေါင်းစဉ်တွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား ------- သဘောတူစာချုပ်” ဟု ဖေါ်ပြထားသည်။ ယင်းမှာဥပဒေသဘောအရ လွဲချော်နေပါသည်။ “နိုင်ငံတော်” ဟူသည့် ဝေါဟာရ ပါရှိသောကြောင့်ဖြစ်သည်။ ပြည်တွင်းစစ်တွင် ဘက်နှစ်ဘက်ရှိသည်။ တဘက်တွင် အာဏာရအစိုးရဖြစ်၍ အခြားတဘက်တွင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င်) အစိုးရကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည်။...