မတ်လ(၂၆)ရက်နေ့၌
သမ္မတဦးသိန်းစိန်၏ တာဝန်ထမ်းဆောင်မှု သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည့် သမ္မတမိန့်ခွန်း၌
ပြည်တွင်းစစ်များနိဂုံးချုပ်တော့မည်ဟု အခိုင်အမာယုံကြည်ကြောင်း
ထည့်သွင်းပြောကြား လိုက်သည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ
မျှော်လင့်ချက် မဲ့သွား နိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့
လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို
မကြာမီ ကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။”ဟု သမ္မတဦးသိန်းစိန်က ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမိန့်ခွန်းတွင်လည်း “အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး”
ဟု သုံးစွဲခဲ့ပြီး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌
ခွဲဝေအပ်နှင်းထားသည့် ဥပဒေပြုစာရင်းများ မဖြစ်မနေပြင်ဆင်ရွှေ့ပြောင်းပေးရမည်
ဖြစ်ပြီး တိုင်းရင်းသား အခွင့်အရေး၊
ပြည်နယ်အခွင့်အရေးတိုးမြင့်လာစေရန်လည်း စီမံပေးကြရမည်ဟု ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲနိုင်ရေးအတွက်
လာမည့်ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များကို ကိုယ်စားပြုဖွဲ့စည်းထားသည့် NCCT အဖွဲ့ ဆွေးနွေးရာတွင်
တပ်နေရာချထားရေး အတွက် အခက်အခဲရှိနိုင်မည်ဟု
တိုင်းရင်းသားခေါင်းဆောင်အချို့က ဆိုသည်။
“အနာဂတ်အရေးမှာ
စီမံခန့်ခွဲတဲ့နေရာမှာ အဓိကကတော့ အန်ကယ်တို့ တောင်းဆိုနေတဲ့ ဖယ်ဒရယ်
ပြည်ထောင်စုကို ဘယ်လိုအသွင်ဖော်ဆောင်မလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံကို
ဘယ်လိုဖြတ်ကျော်မလဲ၊ နောက် အနာဂတ်မှာ တပ်တွေကို ဘယ်လို
နေရာချထားမလဲဆိုတဲ့ကိစ္စတွေကတော့ နည်းနည်းပြသနာရှိနိုင်တဲ့ ကိစ္စတွေပဲ” ဟု NCCT ခေါင်းဆောင် နိုင်ဟံသာကလည်း မတ်လဆန်းပိုင်းက မီဒီယာများသို့ ပြောကြားထားသည်။
သမ္မတဦးသိန်းစိန်မှလည်း
ယခုအချိန်သည် နိုင်ငံ၏သမိုင်းစဉ်၌ အကောင်းဆုံးနှင့်
အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း
မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သေးသည်။
“ကျွန်တော်တို့
နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို
ရောက်ရှိ နေပြီဖြစ်တဲ့ အတွက် ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။
ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့်
အချိန် အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့
မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိအတိုင်း ပြန်လည်
ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။” ဟု သမ္မတကြီးက ပြောသည်။
လက်ရှိအချိန်၌
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိထားသည့်
လက်နက်ကိုင်အဖွဲ့မှာ(၁၄)ဖွဲ့ ရှိနေပြီး KIA,TNLA တို့မှာ
အစိုးရတပ်မတော်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။
Tuesday, April 1, 2014
Home »
» ပြည်တွင်းစစ်များ မကြာမီနိဂုံးချုပ်မည်ဟု သမ္မတဦးသိန်းစိန် အခိုင်အမာယုံကြည်
ပြည်တွင်းစစ်များ မကြာမီနိဂုံးချုပ်မည်ဟု သမ္မတဦးသိန်းစိန် အခိုင်အမာယုံကြည်
8:37 PM
No comments
Related Posts:
Political parties urge Than Shwe to investigate electoral fraudThe Union of Myanmar Federation of National Politics (UMFNP) has sent an official letter to Senior General Than Shwe urging him to establish a commission to investigate electoral fraud in the recent elections, according to… Read More
Mon Party to introduce farm ownership billThe All Mon Region Democracy Party (AMRDP) will introduce a Parliamentary bill to allow farmers to own their farms.Party leader Nai Ngwe Thein said: ‘We heard recently about the land confiscation cases in Kyaikmaraw to buil… Read More
Than Shwe appoints military representatives to parliamentBurma’s Commander in Chief of Defense Services, Senior General Than Shwe, has appointed 388 parliamentary representatives from the military as per constitutional quota, according to an announcement by the Union Election Co… Read More
Hydropower plant opens in Kachin StateThe Tarpein-1 Hydropower Plant, one of 18 hydropower projects built or under construction in Kachin State, opened on Sunday, according to state-run newspapers.Work on the Tarpein-1 Hydropower Plant in Momauk was begun in D… Read More
USDP loses lawsuit filed against the White Tiger PartyThe Union Solidarity and Development Party (USDP) has lost its lawsuit filed against the Shan Nationalities Democratic Party (SNDP), or White Tiger party, alleging electoral fraud.USDP candidate Dr. Sai Kham Hlaing from Ku… Read More
0 comments:
Post a Comment