Tuesday, June 11, 2013

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ ညီနောင်ပါတီတွေရဲ့ ဆွေးနွေးပွဲ ကျင်းပတာ (၁၅) ကြိမ် ရှိပါပြီ။ ဆွေးနွေးပွဲ ရလဒ်တွေကို မနက်ဖြန် ညနေမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဆွေးနွေးနေတဲ့ အချိန်မှာတော့ သတင်းယူခြင်း မပြုရန် မေတ္တာရပ်ခံပါတယ်။ ညနေပိုင်းမှာတော့ တောင်ပေါ်သား...