Thursday, January 12, 2012
မန်းတလေးတိုင်းက အမျိုးသားးဒီမိုကရေစီအဖွဲံ့ချုပ် စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြ ပြန်လွတ်တယ်လို့ သိရတယ်..
အရှင်ဂမ္ဘီရ မြောင်မြထောင်မှ
အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။
"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တော့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။ " ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။
အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွှတ်မြောက်မည်ဟု သိရသည်။
မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ
မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး လွှတ်မြောက်လာသည်ဟု သိရသည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၉ နာရီ ခွဲ
သာယာဝတီ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၇ ဦး၊ အကျဉ်းသူ ၂ ဦး၊ သာမန်အကျဉ်းသူ ၁ဦး၊ ထောက်လှမ်းရေး ၇ ဦး၊ နစက/နစရ ၇ ဦးတို့ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၇ ဦးအနက်ဆရာရဲ၊ ဦးဝင်းမြင့်၊ ကိုလွင်မိုးမြင့်၊ ဦးအောင်သန်း၊ ဦးခင်လှိုင် ၊ ဦးကျော်၊ ဦးဝင်းထိုက်၊ ဘိုဘို၊ မကြည်ကြည်ဝါ၊ မနီလာသိန်း အစရှိသူတို့ဖြစ်သည်။
လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း
မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်
တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)
ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)
သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်
ဗန်းမော် ထောင်မှ အကုန်လွှတ်
ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်
သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်
ဖားအံ့ထောင်မှ အားလုံးလွှတ်
(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)
နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။
လွှတ်မြောက်သူများ အမည် စာရင်
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
ဆက်လျက်ဖော်ပြပေးပါမည်
ရွှေမြစ်မခ မီဒီယာ
၄၉ နှစ်မြောက် တအာင်း (ပလောင်)အမျိုးသား တော်လှန်ရေးနေ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်

ကြေညာချက်အမှတ် -၀၀၁/၀၅/ဦးစီး-၁၂
ယနေ့ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် ပလောင်တမျိုးသားလုံး လွတ်မြောက်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို စတင်တွန်းလှန်တိုက်ခိုက်လာ ခဲ့ကြသည်မှာ ၄၉ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ တန်းတူညီမျှရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရရှိရေး၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုနိုင်ငံရရှိရေးတို့အတွက် ပလောင် တမျိုးသားလုံးတို့၏တော်လှန်ရေးခရီး ၄၉ နှစ်တာ ကာလ အတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီး လှူဒါန်းခဲ့ ကြသော မျိုးချစ်ပလောင်ပြည်သူလူထုနှင့် ပလောင်အာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲမေ အပေါင်းတို့အား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။
အာဏာရှင်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တဘက်သတ်ကျင်းပကာ ဟန်ပြအရပ်သား အစိုးရဖွဲ့စည်းပြီး ဒီမိုကရေစီကိုဦးတည်သော နိုင်ငံရေးပြောင်းလဲမှုများပြုလုပ်နေသည်ဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် လက်နက် ကိုင်တိုက်ပွဲများ အရှိန်မြင့်လာပြီး တိုင်းရင်းသားပြည်သူများ ပြည်တွင်းစစ်ဘေးဒဏ် ခံနေကြရပါသည်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မအမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ဆက်လက်ဖမ်းဆီး အကျဉ်းချထားဆဲဖြစ်သည်။
ကြံ့ဖွံ့အရပ်သားအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ပြင်းထန်သည့်ထိုးစစ်များပြုလုပ်နေလျှက်ရှိသည်။ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်လိုပါက ထိုးစစ်များရပ်ပြီး ဖြစ်တည်နေသော နိုင်ငံရေးပြဿနာကို တွေ့ဆုံဖြေရှင်းရန် လိုအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို သပ်လျှိုဖြိုခွဲရန်အတွက်တဖွဲ့ချင်းခွဲထုတ် တွေ့ဆုံကာ အတုအယောင်အပစ်အခတ်ရပ်စဲရေးကိုသာ ဟန်ပြလုပ်ဆောင်နေလျှင် စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်မည်မဟုတ်ပေ။
ဟန်ပြအရပ်သားအစိုးရသစ်လက်ထက်တွင် ကချင်၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ပြည်တွင်းစစ်မီးအဟုန် ပိုမို တောက်လောင်လာခြင်းကြောင့် ပလောင်မိဘပြည်သူများစွာလည်း စစ်ဘေးဒဏ်ကိုရင်ဆိုင်နေကြရပါသည်။ ထိုကဲ့သို့ စစ်မက်ဖြစ်ပွားနေသော နမ့်ခမ်း၊ မန်တုံ၊ မိုင်းဝီး၊ ကွတ်ခိုင်နှင့် နမ့်ဆန်မြို့နယ်ရှိ ပလောင်ဒေသခံပြည်သူများမှာ ပေါ်တာဆွဲခြင်း၊ တပ်သားသစ် အဓမ္မစုဆောင်းခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ မတရားအခွန်ငွေကောက်ခံခြင်း၊ ပစ္စည်းဥစ္စာ မတရားသိမ်းပိုက်ဖျက်ဆီးခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ခံစားနေကြရပါသည်။
အခြားတဘက်တွင်မူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေါ်ပေါက်ခဲ့သော်လည်း မိမိတို့၏ဒေသကိုအမှန်တကယ်လက်တွေ့ စီမံ အုပ်ချုပ်ခွင့်မရရှိဘဲ စစ်ခေါင်းဆောင်များ၏ချယ်လှယ်မှုအောက်တွင်သာရှိနေဆဲဖြစ်သည်။ အရပ်သားအစိုးရ၏ ရေအားလျှပ်စစ်စီမံကိန်း၊ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း အစရှိသည့် စီမံချက်တို့ကြောင့် ဒေသခံများမှာ လယ်ယာခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း၊ လုပ်အားပေးစေခိုင်းခြင်း တို့ခံနေကြရပြီး၊ မူးယစ်ဆေးဝါးပြဿနာ၊ လက်ဖက်လုပ်ငန်းနှင့်စီးပွားရေးကျပ်တည်းမှု အခြေအနေတို့မှာလည်း ပိုမိုဆိုးရွားနေပါသည်။
ပလောင်ပြည်သူလူထုတို့၏ အသက်အိုးအိမ်လုံခြုံမှုများအကာကွယ်မဲ့နေဆဲဖြစ်သဖြင့် မိမိတို့၏ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် ပလောင်ဒေသအတွင်းနယ်မြေပြန်လည်စိုးမိုးရေးလုပ်ငန်းစဉ်များကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (Ta-ang National Liberation Army –TNLA) မှ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ထိုအတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ ပြည်ထောင်စုတပ်မတော်နှင့်အတူ စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ တအာင်းအမျိုးသားထုတရပ်လုံးကို ကာကွယ်နိုင်ရန်အတွက် မျိုးချစ်တအာင်း လူငယ်တိုင်း တအာင်းတပ်မတော်တွင် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက်ပန်ကြားအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ပလောင်ပြည်သူလူထုတရပ်လုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရန်အတွက် တော်လှန်ရေးတိုက်ပွဲတွင် တအာင်း တပ်မတော်နှင့်အတူ ပလောင်ပြည်သူလူထုတရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်စွာ အားလုံးပူးပေါင်း တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းနိုးဆော်ရင်း တပ်ဦး၏ (၄၉) နှစ်မြောက် တအာင်း (ပလောင်) အမျိုးသားတော်လှန်ရေး နှစ်ပတ်လည်နေ့ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၁၂ ရက်၊ ဇန္န၀ါရီလ၊ ၂၀၁၂ ခုနှစ်။
Tuesday, January 10, 2012
အစိုးရ၏ ပညာရေးစီမံမှု အား နည်းကြောင်း ပလောင်ကျောင်း သားလူငယ်များ ပြောဆို
ပညာရေးဖွံ့ဖြိုးမှုအားနည်းသည့် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်နှင့် မန်တုံ စသည့်ပလောင်ဒေသများမှ ထူးချွန်ပလောင်လူငယ် ၂၀ဦးကို ရန်ကုန်အခြေစိုက် ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းတခုက လာမည့်မတ်လ နွေရာသီကျောင်းပိတ်ရက်တွင် အခ မဲ့ ပညာသင်ဆုပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောကြားခြင်းဖြစ်သည်။
၎င်းက “အခုလာမဲ့မတ်လမှာ Nelson English Language Centre (NELC) ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကနေ ပညာရေးအားနည်းတဲ့ပလောင် လူငယ်တွေ နိုင်ငံတကာနဲ့ရင် ဘောင်တန်းနိုင်ဘို့အတွက် နွေရာသီသင်တန်းကို အခမဲ့ ပညာသင်ဆု ပေးမယ်လို့ ပြောပါတယ်။ ပလောင်လူမျိုးတသန်းကျော်နေထိုင်
ပလောင်ဒေသရှိ လူငယ်များမှာ ဒေသတွင်း စာသင်ကျောင်းများ အလုံအလောက်မရှိမှုနှင့် အရည်အချင်းပြည့်မီသည့် ကျောင်း ဆရာများမရှိသည့် အခက်အခဲများကို ဆယ်စုနှစ် ၂ခုနီးပါး ရင်ဆိုင်နေရသဖြင့် လူငယ်များ ပညာရေးကျဆင်းပြီး အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်ထိသာ ပညာသင်ကြားနိုင်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ယမန်နှစ်က ထုတ်ဝေသည့် TSYO အဖွဲ့၏ ပလောင်ဒေသ ပညာရေးချွတ်ခြုံကျမှုဆိုင်ရာ ပညာရေးအစီရင်ခံအရ ကျောင်းတ ကျောင်းတွင် ၂၀၀၀ခုနှစ်က ပညာကို စတင် သင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူ ၁၇၂ဦးအနက် ၂၀၀၉ခု စာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၃ဦးခန့်သာ ဆယ်တန်းအထိ ပညာသင်ကြားနိုင်ခဲ့ကြောင်း သိရသည်။
နမ့်ဆမ်မြို့နယ်ရှိ နမ်လင်းကျေးရွာအုပ်စုတွင် လက်ရှိကျောင်းသားဦးရေ ၁,၀၀၀ကျော် ရှိသော်လည်း တွဲဘက်အလယ်တန်း ကျောင်းတကျောင်းသာရှိသဖြင့် ၂၀၀၉ခုနှစ်က ပညာရေးဝန်ကြီးဌာနကို အထက်တန်းကျောင်းဆောက်လုပ်ရန် တင်ပြထားခြင်း ကို ယနေ့အထိ တစုံတရာ အကြောင်းပြန်ကြားချက်မရှိဟုလည်း ပလောင်ဒေသခံတစ်ဦးက ပြောသည်။
ပလောင်ဒေသတွင် အစိုးရကျောင်းနှင့် ဒေသခံ ကိုယ်ထူကိုယ်ထကျောင်းများဟူ၍ ကျောင်းအမျိုးအစား ၂မျိုးရှိပြီး ကျောင်း ဆရာများကို ဆရာအတတ်သင်ကျောင်းဆင်းမဟုတ်သူ ဒေသတွင်းရှိ ဆယ် တန်းအထိသာ ကျောင်းနေဘူးသူများကို ဆွဲခန့်အ ဖြစ် သင်ကြားပေးစေခြင်းဖြစ်သည်ဟု TSYO ၏ ပညာရေးတာဝန်ခံ မိုင်းဂေါင်းဒါင်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်၊ မန်တုန်၊ သီပေါ၊ ကျောက်မဲ၊ နမ့်ခမ်း၊ နမ့်တူ၊ ကွတ်ခိုင်၊ မူဆယ်၊ မိုးမိတ်၊ မိုးကုတ် စသည့်ပလောင် ဒေသများတွင် မူလတန်းကျောင်းမှာ အများစုဖြစ်ပြီး ဒေသခံများ၏ ကိုယ်ထူကိုယ်ထကျောင်းမှာ ၆၀နီးပါး အပါအ၀င် ကျောင်း ပေါင်း ၂၀၀ခန့်ရှိသည်။ သို့သော်လည်း ဒေသဆိုင်ရာ အထက်တန်းကျောင်းများတွင် အရည်အချင်း ပြည့်မီသည့် ဆရာဆရာမ များ၊ သင်ထောက်ကူပစ္စည်းများ အလုံအလောက်ထားရှိပေးရန် လိုအပ်သည်ဟု TSYO ၏ ပညာရေးအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ယခုလို ပလောင်ဒေသအတွင်း ပညာရေးဖွံ့ဖြိုးမှုအားနည်းရခြင်း
ပညာရေးဖွံ့မှုအားနည်းသည့် ပလောင်ဒေသမှ ထူးချွန်လူငယ် ၂၀ဦးကို ရန်ကုန်ရှိ သင်တန်းကျောင်းတွင် နွေရာသီကျောင်းပိတ် ရက်သင်တန်းအဖြစ် လာမည့်မတ်လ၌ အခမဲ့ ပညာသင်ဆုအဖြစ် English 4 Skills အပါအ၀င်၊ Presentation Skill နှင့် Public Speaking Skill များကို သင်ကြားပေးမည်ဟု NELC ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းအုပ်ကြီး Nelson က ယနေ့ထုတ် ပြည်တွင်းရှိ The Voice အပတ်စဉ်ဂျာနယ်တွင် ပြောကြားထားသည်။
Wednesday, December 21, 2011
ပြည်သူလူထုထောင်ပေါင်းများစွာကို အဓမ္မပြောင်းရွေ့မည့် မြန်မာပြည်တွင်းစစ်မီးကြားက ရွှေလီရေကာတာသစ်များ
စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရမှ ဧရာဝတီ မြစ်၏ အဓိကမြစ်လက်တက်တခုဖြစ်သော ရွှေလီမြစ်ပေါ် တွင် တည်ဆောက်နေဆဲဖြစ်သည့် ကြီးမားသော ရွှေလီရေကာတာ နှစ်ခုသည် ဒေသခံပြည်သူ (၃၀၀၀) ကျော်ကို အတင်းအဓမ္မ နေရာရွေ့ပြောင်းခြင်းနှင့် ဒေသခံပြည်သူ ၁၅၀၀၀ အပေါ် တိုက်ရိုက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဟု ဒေသခံများ သုတေသနပြုခဲ့သည့် ယနေ့ထုတ်ဝေသော အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။
ထိန်းချုပ်မှုအောက်ကမြစ်ရွှေလီ အစီရင်ခံစာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်၏ စောင့်ကြပ်မှုအောက်၌ တည်ဆောက်နေသော ရွှေလီရေကာတာ ၂ ခုကြောင့် တောင်သူလယ်သမားများ မည်ကဲ့သို့လယ်ယာမြေ သိမ်းပိုက်ခံရသည်၊ မည်ကဲ့သို့ လမ်းများ ဖောက်လုပ်နေရသည် အစရှိသည်တို့ကို စစ်တမ်းကောက်ခံပြီး အသေးစိပ်ရှင်းတင်ပြထားပါသည်။ ထိုရေကာတာမှထွက်ရှိမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ထိုဒေသ၌ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခ အရှိန် ပြင်းထန်နေပြီး ရေကာတာလုံခြုံရေးအတွက် စစ်သားများစွာနေရာ ယူထားပါသည်။ လွန်ခဲ့သော ဇွန်လက အပေါ်ပိုင်းရှိ ရေကာတာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် အလုပ်သမားများ ယာယီထွက်ခွာရန် ခိုင်းစေခဲ့ပါသည်။
ရေကာတာသစ်များသည် ရွှေလီမြစ်ကြီးကို ပိတ်ဆို့တားဆီးမည့် အစိပ်အပိုင်းလုပ်ငန်းစဉ်များ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဆောက် လုပ်ပြီးခဲ့သော ရေကာတာအမှတ်(၁)တွင် လျှပ်စစ်ဓါတ်အား အသုံးပြုခွင့်မရသော ဒေသခံတအာင်းလူထုတို့အား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ထူးကဲစွာ တပ်စခန်းချပြီးစစ်ပုံစံအတင်းသွတ်သွင်းခြင်းတို့ပြုလုပ်ခဲ့သည်။ ရေကာတာ အမှတ်(၂) နှင့် (၃)သည် လက်ဖက်ခြံမြေ၊ စပါးစိုက်ခင်းနှင့် သစ်တော စုစုပေါင်း ဧက ၃၀၀၀၀ ကျော်ကို ရေလွှမ်းစေမည် ဖြစ်သည်။ ရေကာတာ အမှတ်(၃) အတွက် ကျေးရွာ ၅ ရွာမှာ အတင်းအဓမ္မပြောင်းရွေ့ရန် အမိန့်ချ မှတ်ပြီးဖြစ်သည်။
ပြည်သူလူထုစိုးရိမ်ကြောင့်ကျမှုများ မြင့်တက်လာခြင်းကြောင့် ဧရာဝတီမြစ်ပေါ်ရှိ ရေကာတာများ၏ ဆိုးကျိုးကို ကိုင်တွယ်ဖြေရှင်းမည်ဟု မြန်မာအစိုးရမှကတိပြုခဲ့သော်လည်း၊ ရွှေလီရေကာတာများ အတွက်မူ မီဒီယာများတွင် လစ်လျူရူခံနေရဆဲဖြစ်သည်။
“မြန်မာအစိုးရသစ်ဟာ ရှေ့တမျိုးနောက်တမျိုးနဲ့ မျက်နှာနှစ်ခုလုပ်ပြီး ဧရာဝတီမြစ်လက်တက်တွေကို တရုတ်ဆီရောင်းရင်း ဧရာဝတီမြစ် ကြီးကို ကာကွယ်စောင့်ရှောက်မဲ့ဟန်ပြနေတယ်” ဟု TSYOမှ မိုင်းအောင်ကို ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ဟူနန်ရေအားလျှပ်စစ်ဓါတ်အားအုပ်စုမှ ရွှေလီရေကာတာ အမှတ်(၂)ကို တည်ဆောက်-လည်ပတ်-လွှဲပြောင်းမှု ပြုလုပ်ရန် သဘောတူညီချက်လက်မှတ်ထိုးပြီးဖြစ်ပြီး၊ ဆွီစ်ဇီလန်မှ Swiss Colenco Power Engineering မှာ ရေကာတာ အမှတ် (၃) တွင် ပါဝင်မည်ဖြစ်သည်။ ထိုကုမ္ပဏီများ သည် ဒေသခံပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိသေးချေ။ တိုင်းရင်းသားဒေသရှိ လူ့အခွင့် အရေးချိုးဖောက်မှုများမှာ မြန်မာပြည်တွင်းစစ်မီးကိုပိုမိုတောက်လောင်စေပါသည်။
“နိုင်ငံခြားကနေလာပြီး ရေကာတာဆောက်လုပ်သူတွေဟာ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ စစ်မီးကို အလေးထားဂရုပြုပြီး ရင်းနှီး မြုပ်နှံမှုတွေကို ချက်ချင်းပြန်ရုပ်သိမ်းသင့်ပါတယ်” ဟု TSYOမှ မိုင်းအောင်ကို ပြောကြားခဲ့သည်။
စစ်တပ်နောက်ခံ မြန်မာအစိုးရအနေဖြင့် ရွှေလီမြစ်ရှိတည်ဆောက်ဆဲရေကာတာများကို ရပ်ဆိုင်းရန်၊ တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရန်၊ စစ်တပ်များပြန်လည်ဆုတ်ခွာပေးရန်နှင့် ပြည်တွင်းစစ်မီးကိုအမှန်တကယ်ငြိမ်းသတ်နိုင်မည့် ပြဿနာ အရင်းအမြစ်များကို ကိုင်တွယ်ဖြေရှင်း နိုင်မည့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး မှတိုက်တွန်းတောင်းဆိုလိုက်ပါသည်။
Saturday, February 26, 2011
ယခုဘ၀.....
ယခုဘ၀ ရောက်မလာခင်က
ဘ၀ ဘယ်မှာ အနေကြာခဲ့ပါ့
ဂင်္ဂါ ၀ါဠု သဲစုမက
ဘုရားတွေ ပွင့်လိုက်ကြတာ
ဘယ် သာသနာကိုမှ
မကြုံလိုက်ကြပါကလား။
ယခုလောက် ကြာအောင်
မကျွတ်ဘဲ နေလာကြတာ
သာသနာနှင့် လွဲလို့ပေါ့၊
ဘုရား အဆူဆူ
ပွင့်တော်မူပါလျက်
လူမဖြစ် နတ်မဖြစ်
အောက်ထစ်ဆုံးဘဝ
ငရဲက ပြန်မတက်လို့လား၊
အ၀ိဇ္ဇာ ကွင်းဆက်
မပျက် မပြတ်ဘဲ
တ၀ဲလည်လည်
အပါယ်ဘုံမှာ
စုန်ဆန်ကာသာ
အနေကြာခဲ့တာလား။
ခုတစ်ခါကျမှ
လူ့ရွာ လူ့ဘဝ
သုံးသပ်ဆုံးဖြတ်
နှလုံးကပ်ပြီး
စဉ်းစားတတ်လို့
ကိုယ့်ဘ၀ဖြစ်အင်
ကိုယ့်အကြောင်းကိုမြင်တော့
သွင်သွင်စီးကျ
မျက်ဝန်းအစုံမှာ
မျက်ရည်စတွေနှင့်ပါကလား။
မိုက်မှားခဲ့လေသမျှ
အသည်းက နာကျင်
ဘယ်လိုပင် ဖြေဖျောက်သော်လည်း
မျက်ရည်စ မခြောက်ပါဘူး၊
ကြောက်စရာ့ သံသရာမှာ
ဝဋ်ဒုက္ခ ရှည်ခဲ့ပါပြီ။
ယခု ဘ၀ ဘ၀ အရှိ
သိဖို့တော့ သင့်ပြီထင်
တွေးချင့်စရာ
လူမို့သာ စဉ်းစားနိုင်တာနော်။