ပလောင်လူမျိုးများရဲ့ အဓိကပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီး မာလာယုကျွန်းသို့ ရောက်တော်မူစဉ်အခါက အင်္ဂတိဒေဝ၊ ဇေယျ၊ သသြု၊ ဗါနုဒိဗ္ဗ အမည်ရှိသော နတ်ဘီလူးညီနောင် လေးယောက်တို့က ဟင်္သသာဇလုပ်အတွင်းမှရှိတဲ့ “နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ဆက်သလိုက်ရာ ထိုနတ်သစ်စေ့ကို ပလောင်လူမျိုးများ စိုက်ပျိုးစားသောက်ကြရန် ပေးသနားတော်မူလေတယ်။ပလောင်တို့ကို မင်းကြီးတွင်ပါလာသော “နိလဗီဇ” သစ်စေ့ကို စိုက်ပျိုးစားသောက်ရန် ပေးသနားတော်မူ၍ ပလောင်လူမျိုးတို့က စိုက်ပျိုးပြီးနောက် အပင်အရွက်ဖြစ်သည့်အခါ ခူးဆွတ်၍ မင်းကြီးထံဆက်သသြသော် မင်းကြီးသည် ထိုသစ်ရွက်တို့ကို...