၂ရက်နေ့-ဇွန်လ-၂ဝ၁ဝ ခုနှစ်ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်နှင့် ကျေးရွာအသီးသီးတွင် ၂ဝ၁ဝရွေးကောက်ပွဲ နီးကပ်လာသည့်အတွက်နှင့် သစ်တောပြုန်းတီးမှုများကြောင့် မီးသွေးဖုတ်တောင်သူများကို မီးသွေးမဖုတ်ရန်နှင့် လက်ရှိသိုလှောင်ထားသော မီးသွေးများအားလုံးကို ၂၅ရက်နေ့မှ ၃၁ရက်နေ့အတွင်း အပြီးရောင်းရန် လားရှိုးတိုင်းမှူးမှတဆင့် နမ့်ခမ်းသစ်တောဦးစီးဌာနသို့ ၂၅ရက်နေ့၊ မေလ၊ ၂ဝ၁ဝခုနှစ် တွင် ညွှန်ကြားထားကြောင်း သိရှိရပါသည်။ “နမ့်ခမ်းသစ်တောဦးစီးဌာနကနေ ကျနော်တို့ နမ့်ခမ်းဒေသတဝိုက်မှာရှိတဲ့ ရွာတွေကို ဒီမေလကုန်အတွင်း မီးသွေးတွေအပြီး ရောင်းရမယ်၊ အကုန်မရောင်းရင်...