Friday, January 29, 2010

ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှုပိုများလာ

Posted By admin on January 28, 2010ဘိုးစဉ်ဘောင်ဆက် ရိုးရာလက်ဖက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် ပလောင်တိုင်းရင်းသားများ ယခုအခါဘိန်းအစားထိုး စိုက်ပျိုးမှုပိုများလာကြောင်း ပလောင်အမျိုးသမီးအဖွဲ့က Poisoned Hills အမည်ရှိ အစီရင်ခံ စာနှင့်အတူ သတင်းစာရှင်းလင်းပွဲ တရပ်ြုပလုပ်ခဲ့ပါသည်။“ပလောင်တိုင်းရင်းသားတွေ လက်ဘက်လုပ်ငန်းလုပ်ကိုင်လာတာ နှစ်ပေါင်းရာချီပါပြီ။ စစ်အစိုးရခေတ်မှာ လက်ဘက်တွေ ဈေးနှိမ်ခံရတယ်။ ၄ နှစ်လောက် ရင်းနှီးပြီးမှ ခူးလို့ရတာ ဆိုတော့ ၄ လလောက်နဲ့ အလုပ်ဖြစ်တဲ့ ဘိန်းကိုလုပ်ကိုင်လာကြတယ်။ ဘိန်းမလုပ်ရင်လဲ ၀မ်ရေးက မဖူလုံတော့ဘူး” ပလောင်အမျိုးသမီးအဖွဲ့...

၂၀၁၀ အ၀င် နအဖ စစ်ဗိုလ်ချုပ်တွေ တအာင်းဒေသမှာ ခြေရှပ်နေ

Posted By admin on January 27, 2010၁၇ ဇန်န၀ါရီ ၂၀၁၀ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရှိင် နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ အခြေခံမူလွန် ကျောင်းဆောင်သစ်ဖွင့်ပွဲ့ တိုင်းမှူးဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သည်၊အလုပ်ရှုပ်ခံရသည့် ရဲ၊ ပြည်သူစစ်၊ အရန်မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်ကလေး၊ ကျောင်းသူ ကျောင်းသားဆရာ၊မများ အစိုးရ၀န်ထမ်းများနှင့် ကချင်၊ခိုလုံလီချော ပလောင်စာပေယဉ်ကျေးမှုအဖွဲ့များ အခမ်းအနားကို ပြင်ဆင်လေ့ကျင့်ပြီး ကြိုဆိုနေသည်ကို တွေ့ရှိရသည်၊တိုင်းမှုးအမှာစကား “ဒီကျောင်းဆောင်သစ်ကို ကျောင်းသူ၊သား ဆန့်သလား မဆန့်ဘူးဆိုရင်...

Sunday, January 24, 2010

ပလောင်ဒေသရှိ လူငယ်များအား စစ်သားစုဆောင်ခြင်းနှင့်အတူ မဲဆွယ်စည်းရုံး

Posted By admin on January 19, 2010၁၈။ ဇန်န၀ါရီ။ ၂၀၁၀၂၀၁၀ ကျင်းပမည့် နအဖ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်ဒေသ မန်တုံမြို့နယ်အတွင်းရှိ ပလောင်ကျေးရွာများကို နအဖ စစ်အုပ်စုမှ စစ်တပ်များစေလွတ်၍ ကျေးရွာလူငယ်များကို စစ်သားစုဆောင်ခြင်းနှင့်အတူ ပြည်သူများအား မဲဆွယ်စည်းရုံးနေကြောင်းသိရသည်၊ဇန်န၀ါရီလအတွင်း ခလရ မန်တုံ ၁၃၀။ နမ္မတူ ၃၂၄ရှိ စစ်တပ်များမှ မန်တုံမြို့နယ် တ၀ိုက်ရှိ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးရန်အတွက် စစ်သားများ စေလွတ်ခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးပြီး ပြည်သူများအား လိုက်လံမဲဆွယ်စည်းရုံးခြင်းဖြစ်သည်၊ဒေသခံတစ်ဦးထံမှ...

Wednesday, January 20, 2010

ကွတ်ခိုင်မြို့နယ်တွင် ရှေ့ဟောင်း ဘုရားဆင်းတုတော် တူးဖော်တွေ့ရှိ

Posted By admin on January 19, 2010ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ။ ဟိုမောနှင့် လွယ်ခွမ့် ကျေးရွာအုပ်စုအကြားရှိ လွယ်တော်တောင်တွင် ရှေ့ဟောင်း ရုပ်ပွားတော် ဆင်းတုတော်များကို ၂၀၀၉ ဒီဇင်ဘာ ၃ ရက်နေ့တွင် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်၊တူးဖော်ရရှိသည့် ဆင်းတုတော်များအထဲ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ အပါအ၀င် စုစုပေါင်း ဆင်းတုတော် ရှစ်ဆူ တူးဖော်ရရှိခဲ့ကြောင်း သိရှိသည်၊ပထမဦးဆုံး ဆင်းတုတော် တူးဖော်ရရှိသူ နမ့်ဖက်ကာကျေးရွာနေ အသက်(၁၄) နှစ်အရွယ်ရှိ မိုင်းညီတင်ဖြစ်ပြီး “၀” ဥ လိုက်လံတူးဖော်ရာမှ ဆင်းတုတော်များ တူးဖော်တွေ့ရှိခဲ့ကြောင်း “မိုင်းညီတင်”...